ယမန်နေ့မှအဆက်
One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က ဖေဖော်ဝါရီ ၂၆ ရက်က UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့သည့် အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက UEC အသစ် မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် နိုင်ငံရေးပါတီများကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီ ၅၃ ပါတီ တက်ရက် ၊ ခဲ့ပါကြောင်း၊ မတက်ရောက်သည့် ပျက်ကွက်သည့်ပါတီ ၃၀ ကျော်သည်လမ်းပန်းဆက်သွယ်ရေး အခက် အခဲများကြောင့် ၎င်းတို့အနေဖြင့် လာရောက်ရန် အခက်အခဲရှိ၍ မလာနိုင်မှုများရှိပါကြောင်း၊ ယင်း အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၇)ခု ချမှတ်နိုင်ခဲ့ပါကြောင်း။
ယင်းဆုံးဖြတ်ချက်များမှာ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများအတွက် မဲပေးမှုအား တရားမျှတမှု ရှိရေး ပြင်ဆင်ဆောင်ရွက်ပေးရန်၊ ထိုအချက်သည်လည်း ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရက်ပေါင်း ၉ဝ နေထိုင်ပြီး နေရာဒေသတွင် ရောက်ရှိသည့် နေရာ၌ မဲပေးခွင့်များသည် တိုင်းရင်းသားများ အပါအဝင် တချို့နေရာများတွင် ၎င်းတို့၏ နယ်မြေများတွင် ဆုံးရှုံးမှု၊ နှစ်မှု အခက်အခဲများရှိသည်ဟု တင်ပြချက်၏ နောက်ဆက်တွဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများ မဲပေးမှု နှင့်ပတ်သက်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးပါဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး ဆက်လက်ဆောင် ရွက်ရန် မိမိတို့ဆုံးဖြတ်ခဲ့ပါကြောင်း။ ။
ထို့နောက် လက်ရှိ ကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်ဖြစ်သည့် FPTP (နိုင်သည့်သူအားလုံးယူစနစ်) အစား သင့်လျော်သည့် လွှတ်တော်တွင် PR (အချိုးကျကိုယ်စားပြုစနစ်)ကို ပြောင်းလဲကျင့်သုံးနိုင်ရေး ဆက်လက်ဆောင် ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း။
နောက်တစ်ချက်အနေဖြင့် နိုင်ငံရေးပါတီများက နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ စိတ်ချစွာ နေထိုင်ရေးအတွက် တောင်းဆိုချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရန်ဖြစ်ပါ
ကြောင်း၊ ဤအချက်သည်လည်း ထိုအချိန်၌ ဆူပူမှု၊ မင်းမဲ့စရိုက်ဖြင့် သောင်းကျန်းမှုဖြစ်စဉ်များ ဖြစ်ပေါ် နေသည့်အတွက် ၎င်းတို့ကိုယ်တိုင် သွားရ၊ လာရ၊ နေရ၊ ထိုင်ရ အခက်အခဲများရှိပါကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံစိတ်ချစွာ နေထိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက် ပေးရန်အတွက် UEC က အစည်းအဝေးဆုံးဖြတ်ချက်အနေဖြင့် တင်ပြတောင်းခံခဲ့သည့်အတွက် ဆုံးဖြတ် ခဲ့ပါကြောင်း။ ။
နောက်တစ်ချက်အနေဖြင့် မဲစာရင်းများ စစ်ဆေးနေမှုများကို ထုတ်ပြန်ကြေညာချက်များအဖြစ် မြန်မာ့အသံနှင့် မြဝတီရုပ်မြင်သံကြားတို့တွင် ကြားဖြတ်အစီအစဉ်အနေဖြင့် မကြာခဏထုတ်လွှင့်ပေးရန် ဖြစ်ပါကြောင်း၊ အားလုံးအမြန်သိရှိနိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်တို့အတွက် သတင်း ကြေညာမှုတွင် မကဘဲ အခါအားလျော်စွာ စာတန်းထိုးပေးခြင်း၊ အခါအားလျော်စွာ ကြေညာပေးခြင်း တောင်းဆိုချက်ကိုလည်း ဆုံးဖြတ်ခဲ့ပါကြောင်း။
ပါတီများပါ ပါဝင်ပူးပေါင်းဆောင်ရွက်ရန် မဲစာရင်းများပြုစုသည့်အချိန်တွင် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကွန်ပျူတာပညာရှင်များ ပူးပေါင်း ပါဝင်လိုပါက ကော်မရှင်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပြောရမည်ဆိုပါက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းနှင့်ပတ်သက်၍ ပြဿနာများ၊ အငြင်းပွားမှုများ၊ မဲစာရင်းနှင့်ပတ်သက်ပြီး ထပ်နေမှုများ များပြားခဲ့ပါကြောင်း၊ ထို့ကြောင့် နောင်ပြုလုပ်မည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ ပြုစု သည့်အချိန်၌ ပါတီများပါ ပါဝင်ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း။ ။
ထို့နောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်အသက်၁၈ နှစ်ပြည့်ပြီးသူများသည် နိုင်ငံသားစိစစ်ရေးကတ်မရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ထိုအချက် သည်လည်း သက်သေခံကတ်ပြား မရှိဘဲ မဲပေးခွင့်ပြုသည့်အချိန်တွင် အခက်အခဲများရှိပါကြောင်း။ ။
တချို့မှာ နိုင်ငံသားဖြစ်မှန်း မစိစစ်နိုင်မှုများ၊ မဲစာရင်းတွင် ထပ်နေမှုများ၊ မဲပေးပိုင်ခွင့် မရှိသည့်သူများ ပါဝင်နေမှုများ၊ အသက်ပြည့်/မပြည့်ကိုလည်း မှတ်ပုံတင်ကတ်မရှိသည့်အတွက် မစိစစ်နိုင်မှုများရှိပါကြောင်း၊ ထို့အချက်များ မဖြစ်စေရန်လ.၀.က သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါ ကြောင်း။ ။ နောက်တစ်ချက်အနေဖြင့် ကော်မရှင်နှင့် နိုင်ငံရေးပါတီများ နှစ်လတစ်ကြိမ်သို့မဟုတ်သုံးလတစ်ကြိမ် တွေ့ဆုံပြီး ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးကြရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါ
ကြောင်း၊ ထိုကိစ္စ၏ နောက်ဆက်တွဲအဖြစ် ပါတီများကို PR စနစ်နှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှု စာတမ်းများ ပြုစုပေးပို့နိုင်ရေးအတွက်လည်း ပါတီများကို အကြောင်းကြားထားပြီဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင် က မဲလက်မှတ်များ ထပ်တိုးရိုက်နှိပ်မှုနှင့် ပတ်သက်ပြီး UEC ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကြားသိနေရမှု၊ မဲလက်မှတ် ရိုက်နှိပ်မှုနှင့် ထပ်တိုးရိုက်နှိပ်မှုများတွင် မည်သို့ပုံစံများဖြစ်ခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းသည်။
မဲလက်မှတ်စစ်ဆေးချက်များကိုလည်း ထုတ်ပြန်နေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ယခုမိမိတင်ပြသည်မှာ အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ တစ်ပိုင်းသည် မဲစာရင်းပိုင်း၊ မဲစာရင်း ကိစ္စသည်လည်း ပါတီများနှင့် တွေ့ဆုံခဲ့သည့် အချိန်တွင် ဆုံး ဖြတ်ချက်များကလည်း မဲစာရင်းများ မှန်အောင် မည်ကဲ့သို့ လုပ်ဆောင်မည်ဆိုသည့် အချက်လည်းပါဝင်ကြောင်း၊ မဲလက်မှတ်များကိုလည်း စစ်ဆေးရသည့်အပိုင်းလည်းရှိပါကြောင်း၊ မဲလက်မှတ်စစ်ဆေးချက်များကိုလည်း ထုတ်ပြန်နေပါကြောင်း။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ် စုစုပေါင်းရိုက်နှိပ်မှုသည် ၁၃၉,၃၃၁.၁၂၀(တစ်ရသုံးဆယ့်ကိုးသန်း သုံးသိန်း သုံးသောင်းတစ်ထောင့်တစ်ရာ့နှစ်ဆယ်) ရိုက်နှိပ်ခဲ့ပါ
ကြောင်း၊ ထိုသို့ ရိုက်နှိပ်ခဲ့သည့်အချိန်တွင် အဓိက Initial (ကနဦး) လူဦးရေ မဲစာရင်းကို အခြေခံပြီး ၊ လူဦးရေ၏ ၁ ရခိုင်နှုန်းဆောင်းပြီး ၁၃၈,၄၆၀,၂၇၀ (တစ်ရာသုံးဆယ့် ရှစ်သန်း လေးသိန်း ခြောက်သောင်း နှစ်ရာ့ခုနစ်ဆယ်) မှာပါကြောင်း။ ။
သို့သော် မဲစာရင်းများက တိုးလာပြီး သည့်အချိန်တွင် မိမိတို့မဲလက်မှတ်များကို ထပ်ရိုက်ရပါကြောင်း၊ ကိုးကြိမ်ခန့် ထပ်မှာရပါကြောင်း၊ အဆိုးဆုံးက နိုဝင်ဘာလ ၇ ရက်နေ့ဖြစ်ပါကြောင်း၊ မဲပေးရမည်မှာ နိုဝင်ဘာလ ၈ရက်နေ့ ဖြစ်ပါကြောင်း၊ ၇ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီးတွင် မဲလက်မှတ်များ ထပ်မှာရ ပါကြောင်း။
မှာသည့်အရေအတွက်နှင့် မှာသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် အောက်တိုဘာလ ၁၃ ရက်တွင် ကယား၊ ကရင်၊ မွန်းရခိုင် ကချင် ၊ အော်တိုဘာ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်အောက်တိုဘာ ၂၁ ရက်တွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့အတွက် ထပ်ရိုက်ပေးရပါကြောင်း။
အောက်တိုဘာ ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အောက်တိုဘာ ၂၃ ရက်တွင် ရှမ်းပြည်နယ်၊ အောက်တိုဘာ ၂၆ ရက်တွင် ရှမ်းပြည်နယ်၊ အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ နိုဝင်ဘာ ၇ ရက်၌ပင် ရန်ကုန်တိုင်းဒေသကြီးက ဒုတိယအကြိမ် ထပ်မှာခဲ့ပါကြောင်း။
မှာသည့်အရေအတွက်သည် စုစုပေါင်း ၈၇၀,၈၅၀ ရှိပါကြောင်း၊ ကနဦး ရိုက်နှိပ်ခြင်းနှင့် ပေါင်းပါက ၁၃၉၃၃၁,၁၂၀ ရိုက်ခဲ့ပါကြောင်း၊ ထို့ကြောင့် UEC အသစ်အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေး ဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း၊ နောင်ရွေးကောက်ပွဲများတွင် အလားတူ မဖြစ်ပေါ်စေရန် တွက် မဲလက်မှတ်များ ရိုက်နှိပ်မှုနှင့်ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် တိတိကျကျ ဆောင်ရွက်သွား ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့က် One News သတင်းဌာနမှ သတင်းကော် ဦးသွင်ထူးအောင် က ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော် နစကနှင့် UEC တို့က ထုတ်ပြန်ထားမှုများလည်း ရှိပါကြောင်း၊ မတ် ၂ ရက်အထိ နောက်ဆုံးရရှိထားသည့် အခြေအနေများကို ပြောကြားသွားမှုသည် အများကြီး ဖြစ်ပါ
ကြောင်း၊ နောက်ပိုင်းတွင် တွေ့ရှိရသည့်အနေအထားကို အကျဉ်းချုပ်အနေဖြင့် မည်သို့ကြုံတွေ့ရလဲ၊ မည်ကဲ့သို့ အခက်အခဲများကို ကြုံတွေ့ခဲ့ရလဲစသည်တို့ကို အကျဉ်းချုပ်ပြောပြပေးစေလိုကြောင်း မေးမြန်း သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတင်ပြချက်များတွင်ပါခဲ့ပြီးဖြစ်ပါ ကြောင်း၊ မဲစာရင်းများစစ်ဆေးသည့်အချိန်တွင် တပ်မတော်မှစစ်ဆေးတွေ့ရှိချက် ၁၀ သန်း ၄သိန်းကျော်ကို လည်း တင်ပြပြီးဖြစ်ပါကြောင်း၊ ယခု မြို့နယ် ၆၆ မြို့နယ်တွင် တွေ့ရှိသည့် အနေအထားကိုလည်း ပြုစု တင်ပြပြီး ဖြစ်ပါကြောင်း။
အနေအထားအရ တပ်မတော်က တွေ့ရှိသည့်အတိုင်းမိမိတို့လည်း တွေ့ရှိခဲ့ပါကြောင်း၊ သို့သော်လည်း မဲစာရင်း Soft Copyတွင် မိမိတို့က နောက်ဆုံးUp Date soft Copy ဖြစ်သည့်အတွက် ပိုပြီးများနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခင်အတိုင်း တွေ့နေပါကြောင်း၊ Cros Check ကိုပါ ထပ်ပြီးစစ်မည် ဆိုပါက ယခင်ထက်ပိုများနိုင်မှု၊ မဲစာရင်းထပ်မှု၊ မှတ်ပုံတင်မရှိခြင်းတို့ကို တွေ့ရမည်ဖြစ်ပါကြောင်း။
မဲလက်မှတ်အပိုင်းတွင် မဲလက်မှတ်ပျောက်ဆုံးမှုများ၊ အပိုများ၊ တရားမဝင်သုံးစွဲမှုများ၊ ပျောက်ဆုံးမှု များ၊ အပိုကျန်ရှိမှုများကိုထုတ်ပြန်ရန်ရှိကြောင်း၊ယခုမြို့နယ်ပေါင်း ၁၀၀ခန့်စစ်ဆေးထားရှိပြီးဖြစ်ပါကြောင်း၊ ၎င်းတို့ကို ထပ်မံထုတ်ပြန် သွားရန်ရှိပါကြောင်း၊ ယခုအနေဖြင့် မိမိတင်ပြထားသည့် အချုပ်အတိုင်းသာ တင်ပြလိုပါကြောင်း၊ ကျန်ရှိသည့် စစ်ဆေးမှုများကို ပေါင်းခြုံပြီး သုံးသပ်ထုတ်ပြန်နိုင်မည်ဟု ယူဆပါ ကြောင်း ရှင်းလင်းပြောကြားသည်။ VOA သတင်းဌာနမှ သတင်းထောက် ဦးမိုးဇော်က အများက မြင်နေသည့် ကိစ္စတစ်ခုမှာ NLD အစိုးရ လက်ထက်က ဖွဲ့ထားသည့် ရွေးကောက်ပွဲကော်မရှင်က ယခုလို မဲစာရင်းအမှားများ၊ မဲမသမာမှုများ ၊ တွေ့ရှိရကြောင်း၊ သုံးသပ်သူများက မြင်နေသည်မှာ NLD အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် ယခုကဲသို့ ဝေဖန်မှုများမရှိဘဲ စဝ ရာခိုင်နှုန်းခန့်နိုင်ခဲ့မှုအပေါ် ယခုကော်မရှင် အနေဖြင့် ဒီအချက်အလက်များကို ထုတ်ပြန်လိုက်မည်ဆိုပါက နိုင်ငံတကာက လက်ခံရန်၊ ပြည်သူများက လက်ခံရန် နည်းနည်း အခက်အခဲရှိနိုင်မည်ဟု မိမိအနေဖြင့် ယူဆမိကြောင်း၊ အားလုံးက လက်ခံလာရန် ) အတွက် လွတ်လပ်သော စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ နိုင်ငံတကာကပဲဖြစ်ဖြစ်၊ ပြည်တွင်းက ပညာရှင်များပဲဖြစ်ဖြစ် ပါဝင်ပြီး စောင့်ကြည့်သည်ဆိုပါက ပိုမကောင်းနိုင်ဘူးလား၊ ထိုကဲ့သို့ အစီအစဉ်များ ရှိပါသလား မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက UEC သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် တရားဝင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ ထိုအဖွဲ့တွင် ပါဝင်သည့်အဖွဲ့များတွင် နိုင်ငံဝန်ထမ်း၊ ရုံးဝန်ထမ်းများဖြင့် ဖွဲ့စည်းထပါကြောင်း၊ UEC အဖွဲ့ဝင်ဆိုသည်မှာလည်း အများယုံကြည် သည့်ပုဂ္ဂိုလ်များကို သတ်မှတ်ချက်နှင့်အညီ ခန့်အပ်ရမည်ဖြစ်ပါကြောင်း၊ မခန့်အပ်နိုင်လျှင် မခန့်သည့် သူတွင် တာဝန်ရှိပါကြောင်း၊ သို့သော် အများယုံကြည်သည့်သူများကို ခန့်အပ်ခဲ့ပါကြောင်း။ ဘက်မလိုက်သည့် ကြားနေအဖွဲ့အစည်းတစ်ခုဖြစ် တိုင်းသကြီး၊ ပြည်နယ်၊ ခရိုင်မြို့နယ်တိုင်းမှာ ရှိသော ဌာနဆိုင်ရာ (၉) ခုမှ ဌာနဆိုင်ရာ အကြီးအကဲ များပါဝင်ပြီး ဖွဲ့စည်းပါကြောင်း၊ ရပ်/ကျေးတွင်လည်း ရပ်/ကျေးက ပါဝင်သည့်သူများ အားလုံးဖြင့် ဖွဲ့စည်း ထားပါကြောင်း၊ ပြောရမည်ဆိုပါက UEC၏ ဖွဲ့စည်းမှုသည် မှန်မှန်ကန်ကန် တိတိကျကျ ဖွဲ့စည်းထားပါက အားလုံးကို ကိုယ်စားပြုသည့် ဘက်မလိုက်သည့် ကြားနေအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ရမည် ဖြစ်ပါ မကြောင်း။
ယခု မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေပါ သတ်မှတ်ချက် ပြဌာန်းချက်များအရ အငြင်းပွားမှုများ သာမန်အားဖြင့် အငြင်းပွားမှုများ၊ ပြဿနာများ၊ အခက်အခဲများက ပြီးခဲ့သည့် ရွေးကောက်ပွဲကာလသုံးပါးလုံး ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များသည် အများကြီးဖြစ်ပါကြောင်း။ ။
အကြိုကာလလုပ်ငန်းစဉ်ဖြစ်သည့် မဲစာရင်းကောက်ယူခြင်းမှ အစ မဲလက်မှတ်ရိုက်နှိပ်မှု ပြင်ဆင်ခြင်း၊ သင်တန်းများပေးခြင်း စသည်များရှိပါကြောင်း၊ မဲပေးသည့် ရွေးကောက်ပွဲကာလသည် အမည်စာရင်း တင်သွင်းခြင်း၊ မဲဆွယ်စည်းရုံးရေးလုပ်ခြင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ ပြောကြားခြင်း၊ အကြိုကာလ တွင် တစ်ခုကျန်ခဲ့ပါကြောင်း၊ ယင်းမှာ ဥပဒေမူဘောင်ဖြစ်ပြီး ဥပဒေကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲကာ လတွင် လုပ်ရမည့်လုပ်ငန်းစဉ် ရွေးကောက်ပွဲ နောက်ပိုင်းလုပ်ရမည့် လုပ်ငန်းစဉ်များ ရှိပါကြောင်း။ ။ " ထိုလုပ်ငန်းစဉ်များကို သာမန်အားဖြင့် ပြောရမည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် state Holder များဖြစ်သည့် ပါတီများ၊ CSO များ အဖွဲ့အစည်းများက အများကြီးကန့်ကွက်မှုများ၊ အကြံပြုမှုများ ရှိပါကြောင်း၊ ထို Record များ အကုန်ရှိနေပါကြောင်း၊ အကြံပြုမှု၊ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး ခေါ်ယူပြီး ညှိနှိုင်းမှုစသည့် တင်ပြချက် အကြံပြုချက်များ အများကြီးရှိပါကြောင်း။ ။
ရွေးကောက်ပွဲကာလတွင် COVD-19 ရောဂါ ဖြစ်ပွားနေသည့်အတွက် ရွှေ့ဆိုင်းပေးရန်ကအစရှိခဲ့ပါ ကြောင်း၊ ထို့နောက် မဲဆွယ်စည်းရုံးသည့်အချိန်တွင်ဖြစ်ဖြစ် တရားမျှတအောင် ဆောင်ရွက်ပေးရန် တောင်းဆိုမှုများလည်း ရှိပါကြောင်း၊ COMID-19 ရောဂါကြောင့် မဲဆွယ်စည်းရုံးသည့်အချိန်တွင် မမျှမတ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တွေ့ဆုံ၍ တောင်းဆိုမှုများလည်း ရှိပါကြောင်း။ ။
ရွေးကောက်ပွဲ ပြီးသည့်အချိန်တွင်လည်း မဲစာရင်းကိစ္စများ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ နောက်ပိုင်းကာလ တွင်လည်း မဲစာရင်းမှားယွင်းသည့် ပြဿနာများက ssues အများကြီးရှိခဲ့ပါကြောင်း၊ ထိုအပေါ်တွင် ဖြေရှင်းဆောင်ရွက်နိုင်သော အခြေအနေမရှိသည့်အတွက် ယခုအခြေအနေထိ ရောက်ခဲ့ သည်ဟု ယူဆပါကြောင်း။
ထို့ကြောင့် ယခုဖြစ်စဉ်များသည် အားလုံးလည်း သိထားပြီးသား၊ ပြောရမည်ဆိုပါက လေ့လာပါက အကုန်လုံး တွေ့ရှိနေပြီးသားဖြစ်စဉ်များဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအရ ယခုဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီက ချမှတ်ထားသော လုပ်ငန်းစဉ် (၁)ဖြစ်သည့်မဲစာရင်းစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့် သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ်(၅)ဖြစ်သည့် အားလုံးပြီးသွားပါက အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရမည် ဆိုသည့် လုပ်ငန်းစဉ်များကို မိမိတို့က အားလုံးကို ပွင့်လင်းမြင်သာစွာဖြင့် ထုတ်ပြန်ပေးပါကြောင်း။
ယခုလို သတင်းစာရှင်းလင်းပွဲတွင်လည်း ရှင်းပြပါကြောင်း၊ အားလုံးမြင်သာအောင်လည်း အကုန်လုံးကို ပြထားမှုများရှိပါကြောင်း၊ ယခုလို တွေ့ဆုံမေးမြန်းသည့်အချိန်တွင် ဖြေရှင်းဆောင်ရွက်ပေးနေမှုများ ရှိပါကြောင်း၊ ပြီးခဲ့သည့်အပတ်တွင် တင်ပြဆွေးနွေးခဲ့မှုလည်း ရှိပါကြောင်း၊ UN နှင့် Third Party ကနေ ဆောင်ရွက်ရန်တို့ကို မေးမြန်းခဲ့ပါကြောင်း။
မိမိတို့နိုင်ငံသည် လွတ်လပ်သည့်နိုင်ငံဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာစွာဖြင့် အားလုံးကိုရှင်းလင်းစေရန် ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ VOA သတင်းဌာနမှ သတင်းထောက် ဦးမိုးဇော်က ယခု သတင်းစာရှင်းလင်းပွဲတွင် တင်ပြသွားသည့် Video Clips ခုနစ်ခုသည် မည်ကဲ့သို့ ရရှိထားပါသလဲ။ မိမိဆိုလိုသည်မှာ မြို့နယ်ကော်မရှင် များက မေးမြန်းပြီး ရရှိခြင်းလား သို့မဟုတ် တခြားလွတ်လပ်သည့် သတင်းမီဒီယာတစ်ခုခုက ရရှိထားသည့် အချက်များကို တင်ပြခြင်းလား မေးမြန်းသည်။ ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခု မိမိတို့ တင်ပြထားသည့် Video clips များ၊ တချို့ကိစ္စများသည် Social Media များတွင် တွေ့ပြီးသား၊ မြင်ပြီးသား၊ အားလုံး Public လုပ်ထားသည့်ကိစ္စများ ဖြစ်ကြောင်း၊ ယခုလို Video Clips နှင့် ဓာတ်ပုံများလည်း ပါဝင်ကြောင်း၊ တချို့ ကိစ္စများတွင် မိမိတို့အနေဖြင့် သွားရောက်၍ မဲစာရင်းစစ်ဆေးမှုများကို မြေပြင်စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ပါကြောင်း၊ အဖွဲ့များခွဲ၍ မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်များ စစ်ဆေးခြင်းများ ရှိပါကြောင်း၊ စစ်ဆေး သည့်အချိန်တွင် တွေ့ရှိချက်အပေါ်မူတည်၍ Linkingဆက်စပ်ပြီး ထပ်မံစစ်ဆေး မေးမြန်းချက်များအရ ရရှိသည့် ဗီဒီယိုဖိုင်များဖြစ်ပါကြောင်း၊ အားလုံးက ခိုင်မသည့် ဗီဒီယိုဖိုင်များဖြစ်ပါကြောင်း ရှင်းလင်းပြော ကြားသည်။
VOA သတင်းဌာနမှ သတင်းထောက် ဦးမိုးဇော်က အခြားလွတ်လပ်သော သတင်းမီဒီယာများကို ဖိတ်ခေါ်၍ ထိုသို့ တွေ့ဆုံမေးမြန်းမှုများကို နောက်ပိုင်းတွင် လုပ်ဆောင်သွားရန် အစီအစဉ်ရှိမရှိ မေးမြန်း သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယနေ့ တွေ့ဆုံသည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်၊ နေပြည်တော်နှင့် အားလုံး MRTV ၌ ၃ ရက် ကြိုတင်ကြေညာလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
VOA သတင်းဌာနမှ သတင်းထောက် ဦးမိုးဇော်က မိမိဆိုလိုသည်မှာ Video din ထဲတွင်ပါသည့် ပုဂ္ဂိုလ်မျိုးများဖြစ်ကြောင်း၊ Video Clipsထဲတွင် ပြောသွားသည့်မြစ်ကြီးနား ရမ်ပူက ကော်မရှင်ခွဲထဲတွင် ပါသည့် လူမျိုးကိုဆိုလိုပါကြောင်း၊ ထိုကဲ့သို့ အချက်အလက်များကို ရယူစုဆောင်းသည့်အချိန်များတွင် လွတ်လပ်သောသတင်းမီဒီယာများ၏ ပါဝင်သည့်အခန်းကဏ္ဍကို ဆိုလိုပါကြောင်း၊ ပိုမိုခိုင်မာ အားကောင်း သွားစေရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်သော သတင်းမီဒီယာများပါဝင်ပြီး အချက်အလက် ရယူခြင်းများကို လုပ်ဆောင်သွားရန်ရှိပါသလား မေးမြန်းသည်။ ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြန်လည်ရှင်းလင်းရာ ယခုပေးသည့် အကြံဉာဏ်သည်ကောင်းမွန်ပါကြောင်း၊ ထိုကဲ့သို့ ဖြစ်စေရန်မှာ တချို့ကိစ္စများတွင် အဆင်မပြေပါကြောင်း၊ အခြေအနေနှင့် အချိန်အခါလည်း ရှိပါကြောင်း၊ ဖြစ်နိုင်သည့်အချိန်တွင် မိမိတို့အနေဖြင့် ပူးပေါင်း
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ (ဆက်လက်ဖော်ပြပါမည်)