Skip to main content

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားလွင်ကျေးရွာ၌ သောက်သုံးရေးရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး

ကျောက်ပန်းတောင်း မတ် ၂၆ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားလွင်ကျေးရွာ၌ ရေရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် Shooping Method ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ ယခုအခါလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျေးရွာ ရေရရှိ ရေး လုပ်ငန်းများဖြစ်သည့် လက်တူးတွင်း တူးဖော်ခြင်း၊ ဆိုလာပန့် တပ်ဆင်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလလယ်ခန့်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ရာ မတ် ၁၅ ရက် တွင် လုပ်ငန်းအားလုံးရာနှုန်းပြည့် ပြီးစီးခဲ့ခြင်းဖြစ်သည်။ ရေရရှိရေးလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၀ ဒသမ ၄ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခြောက်လက်မအကျယ် နှင့် အနက် ၄၅ ပေလက်တူးတွင်း တစ်တွင်း တူးဖော်ခြင်း၊ 1000 W ဆိုလာပန့် တပ်ဆင်ခြင်း၊ (၁၂x၆x၅)ပေ ရေစုကန် ( တစ်ကန်နှင့် ပေ ၈၀၀ အရှည် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများပါဝင်ပြီး ကျေးရွာရှိ အိမ်ထောင်စု ၁၃၃ စုမှ လူဦးရေ ၆၃၀ ခန့်အတွက် သောက်သုံးရေ လုံလောက်စွာရရှိ နိုင်ရန် အကျိုးပြုမည်ဖြစ်သည်။ နေအောင် (ပြန်/ဆက်)