Jan 08, 2020
တိုကျို ဇန်နဝါရီ ၈
ဂျပန်နိုင်ငံမှ ထိပ်တန်းအိုင်တီနှင့် နည်းပညာကုမ္ပဏီ NEC ကော်ပိုရေးရှင်းသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့ကြီးများရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် စုစုပေါင်း ယန်း ၂ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ သန်းနီးပါး) တန်ကြေးရှိ လေကြောင်းထိန်းချုပ်ရေး ရေဒါ အပါအဝင် လေကြောင်းစောင့်ကြပ်ရေးစနစ်များ ပံ့ပိုးပေးရန် မြန်မာနိုင်ငံမှ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာခဲ့သည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် လူ့ဘဝအစ ရက်(၁၀၀၀) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာ စစ်ဆေးခြင်းနှင့် ကူညီပံ့ပိုးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ (Core Group)နှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 08, 2020
ရန်ကုန် ဇန်နဝါရီ ၈
ဂျပန်နိုင်ငံ TBS ရုပ်သံရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီကမ်းခြေ၊ ပုလဲကျွန်းနှင့် သဲဖြူကျွန်းတို့တွင် မှတ်တမ်းရိုက်ကူးသည်။
အဆိုပါရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ၁၉ လမ်း အလယ်ရှိ စားသောက်ဆိုင်များတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ရှိ Hilton Hotel ၊ SandowayResort ၊ Ngapali Paradise Hotel နှင့် Ocean Pearl Sea Food စားသောက်ဆိုင်တို့တွင်လည်းကောင်း မှတ်တမ်းရိုက်ကူးခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်ထိ ငပလီကမ်းခြေတွင် ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
Jan 08, 2020
ရန်ကုန် ဇန်နဝါရီ ၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကုဋေဖြိုးအောင်က လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
Jan 08, 2020
ရန်ကုန် ဇန်နဝါရီ ၈
အမေရိကန်နိုင်ငံမှ ဒါရိုက်တာ Mr Dylan Chow သည် ရုပ်ရှင်ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား လမ်း အမှတ် ၅၀ ရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
ရေရှည်တည်တံ့မည့် လူမှုဘဝ မြှင့်တင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိလမ်းတွင် ဆက်လက်ကျင်းပသည်။
ယနေ့ ပြိုင်ပွဲများအဖြစ် အမျိုးသမီး မီတာ ၃၀၀၀ တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား မီတာ ၃၀၀၀ တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး ၉ ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲ၊ အမျိုးသား ၁၅ ကီလိုမီတာနောက်ကျန်ထွက်ပြိုင်ပွဲများ ကျင်းပခဲ့သည်။
Jan 08, 2020
လူ့ဘောင်လောကတွင် ပညာသင်ကြားခြင်းနှင့်ပတ်သက်၍ "စာသင်ဟူက၊ ကျမ်းမျှကို၊ တွေ့ကမရှောင်၊ ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ လွှသွားပမာ၊ ကျောက်ထက်စာသို့၊
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
(၁၃)ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ဝင်များ အကြိုညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ယနေ့ မွန်းလွဲ (၂) နာရီတွင် ကျင်းပသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
ထိုင်းနိုင်ငံ Kasikorn Bank (K Bank) မှ မြန်မာနိုင်ငံ ဧရာ၀တီတောင်သူ လယ်သမားများ ဖွံ့ဖြိုးရေးဘဏ် (A Bank) သို့ ရင်းနှီးမြှုပ်နှံမှု ပေါင်းစပ်ထည့်ဝင်ခြင်း အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၈
(၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ဇန်နဝါရီ (၁၀) ရက် နံနက် ၉ နာရီတွင် ကျင်းပ သွားမည်ဖြစ်သည်။
Jan 08, 2020
မျိုးပွားမှုဆိုင်ရာရောဂါများအတွက် မှန်ပြောင်းနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ သားဖွားမီးယပ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြ အပ်ပါသည်။
ပါမောက္ခဒေါက်တာခင်ပြုံးကြည်
ဆေးရုံအုပ်ကြီး
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)
Jan 08, 2020
လွိုင်ကော် ဇန်နဝါရီ ၈
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လမ်းတံတား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပေးလျက်ရှိရာ တောင်ငူ− လိပ်သို− ယာဒို− လွိုင်ကော်− ဟိုပုံးလမ်း ဘီလူးချောင်းဖြတ် ကန္ဒရဝတီတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါတံတား၌ ကျင်းပပြုလုပ် သည်။
Jan 08, 2020
ရန်ကုန် ဇန်နဝါရီ ၈
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်ကျောင်း၌ ကျင်းပသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ပညာရေးစုံညီပွဲတော် အလံကိုင်ပင်မစစ်ကြောင်း ဦးဆောင်၍ ခရိုင်အလိုက် စစ်ကြောင်းများက ကွင်းအတွင်းသို့နေရာယူကြပြီး ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အလေးပြုကြသည်။
Jan 08, 2020
နေပြည်တော် ဇန်နဝါရီ ၇
မြန်မာ့အားကစား အဆင့်အတန်းတိုးတက် မြှင့်မားစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် တို့ ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ ပြည့်နှစ် တိုင်း ဒေသကြီးနှင့် ပြည်နယ်စက်ဘီးစီးပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်း၌ ကျင်းပသည်။
အနိုင်ရရှိ
Jan 08, 2020
ခေတ်နဲ့မလျော်ညီတော့တဲ့ တည်ဆဲအလုပ်သမားဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ်ရဲ့ စံနှုန်းတွေနဲ့အညီ ပြင်ဆင်နိုင်ဖို့အတွက်လည်း လုပ်ဆောင်ရပါတယ်
အမျိုးသားလွှတ်တော်၏ ၂၀၁၉ ခုနှစ် မတ် ၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၁၉)ဖြင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီအဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။
Jan 08, 2020
မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပသော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ ဘာသာပြန် ရေးသားနည်း အခြေခံ လမ်းညွှန်သင်တန်းအမှတ်စဉ် (၁၀) ကို ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားမည်ဖြစ် သည်။