နေပြည်တော်၊ မတ် ၂၆ မြို့နယ်အချို့၌ ရဲစခန်းများအား ဆူပူအကြမ်းဖက်သူ လူအုပ်စုများမှ လက်လုပ်မိုင်း၊ ဓာတ်ဆီပုလင်းများဖြင့် အကြောင်းမဲ့ ရန်ပြုပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ မတ် ၂၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ အင်းစိန်လမ်းရှိ ရဲစခန်းအား ယာဉ်အမှတ်/ အမျိုးအစား(စိစစ်ဆဲ) အနက်ရောင်ယာဉ်တစ် စီးမှ လက်ပစ်ဗုံးဟုယူဆသည့်အရာဖြင့် အကြောင်းမဲ့ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ ကြောင်း။ ထိုသို့ပစ်ခတ်မှုကြောင့် ရဲစခန်းရှေ့ အင်းစိန်လမ်းမကြီးပေါ်တွင်ရပ်တန့်ထားသော လုံခြုံရေး တပ်ဖွဲ့သုံးမော်တော်ယာဉ်တစ်စီးတွင် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကြောင်း။ အလားတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မြိတ်မြို့ရဲစခန်းဝင်းအတွင်းရှိ မိသားစုနေအိမ် လိုင်းခန်းအား အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဓာတ်ဆီပုလင်း အားမီးရှို့ကာ အကြောင်းမဲ့ရန်ပြုပစ်ခတ်ခဲ့သဖြင့် ရဲစခန်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ မြက်ခြောက်များ မီးလောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် မီးငြိမ်းသွားခဲ့ကာ လူနှင့် အဆောက်အဦ များထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း။ အလားတူ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ဥပုပ်တော်ရပ်ကွက်၊ (၇၆)လမ်း၊ ၄ လမ်းနှင့် ၅ လမ်းကြားရှိ ရဲစခန်းအား အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ Clik ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ်၍ ၁၂ လမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။ ထိုသို့ပစ်ခတ်မှုကြောင့် လက်လုပ်မိုင်း ၁ လုံးမှာ ရဲစခန်းရှေ့လမ်းပေါ်တွင် ကျရောက်ပေါက် ကွဲသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ကျန် ၁ လုံးမှာ ပေါက်ကွဲမှုမရှိဘဲ သိမ်းဆည်း ရမိသဖြင့် ဖျက်ဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း။ အထက်ပါကဲ့သို့ ရဲစခန်းများ၊ နိုင်ငံတော်ပိုင်အအောက်အဦများအား အကြမ်းဖက်သူလူအုပ်စု များမှ ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် မီးပုလင်း၊ လက်လုပ်မိုင်းတို့ဖြင့် ပစ်ခတ်နေသူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ (သတင်းစဉ်)