Skip to main content

ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မတ် ၂၆

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မတ် ၂၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ mecool Kalaw Heritage Hotel & သွားရောက်ကာကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညက်ရွှေ Travel life Gold ဆုရရှိထားသော Villa Inle Resort သို့သွားရောက်ကာ ဝန်ကြီးဌာနမှထုတ်ပြန်ထားရှိသော Enchanting Myanmar Health and Safety Protocols (HSP) နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ စည်းမျည်းစည်းကမ်း Version များနှင့် အညီ ဧည့်သည်များ စိတ်ချမ်းမြေ့စွာဖြင့် လာရောက် တည်းခိုနိုင်ရေးအတွက် ပြင်ဆင်ထား ရှိမှုများ၊ ဟိုတယ်တွင်း သဘာဝနှင့် အစိမ်းရောင်ကို ဦးစား ပေးပြီး ပလတ်စတစ်အသုံးပြုမှုလျှော့ချကာ Organic စိုက်ခင်းများ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှု ခဲ့သည်။ ဆက်လက်၍ Aureum Palace Hotel သို့သွားရောက်ကာ ဧည့်သည်များအတွက်ကိုဗစ်- နှင့် ပတ်သက်၍ ကျန်းမာရေး ဆိုင်ရာသတ်မှတ်ချက် နှင့် ညီ စနစ်တကျပြင်ဆင် ဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

ညှိနှိုင်းဆွေးနွေး ယင်းနောက် Aureum Palace Hotel အစည်း အဝေးခန်းမ၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ခံများနှင့် ဟိုတယ်နှင့် ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည်ဝန်ဆောင်မှုကို အခြေခံသည့် လုပ်ငန်းဖြစ်ပြီး နိုင်ငံတော်အတွက် ဝင်ငွေရှာဖွေပေးသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာကို မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှအပများကို ဖော်ကျူးကာ မိတ်ဆက် ချပြပေးသော ပြယုဂ်တစ်ခုပင် ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် ပို့ဆောင်ရေး၊ စားသောက်ဆိုင်၊ အမှတ်တရ ပစ္စည်း ရောင်းဝယ်ရေး စသော ကဏ္ဍပေါင်းစုံပါဝင်သည့်အတွက် ခရီးသွား လုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုး တက်လာသည်နှင့် အမျှ အလွှာပေါင်းစုံမှ ပြည်သူများ အကျိုးကျေးဇူး များစွာကို ကိုဗစ်-၁၉ ကာလတွင် ဆုံးရှုံးနစ်နာမှု များစွာရှိခဲ့ပြီး ယခုအခါတွင် ကိုဗစ်-၁၉ကို အထိုက်  အလျောက် ထိန်းချုပ်နိုင်ပြီ ဟုယူဆနိုင်သောကြောင့်

မွန်းကျပ်နေသော ပြည်သူများအတွက် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်ခရီး သွားလာနိုင်ရေး၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism (CBT) More ခရီးစဉ်ဒေသ များတွင် ဆက်လက်အကောင်အထည် ဖော်သွားရန်နှင့် ပြည်သူများ စိတ်အပန်းဖြေနိုင်ရေး တို့အတွက် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ဟိုတယ် နှင့် ခရီးသွားကဏ္ဍမှ လုပ်ဖော်ကိုင်ဖက်များက ဝိုင်းဝန်း ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း။

ခရီးသွားလုပ်ငန်း မြှင့်တင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကလည်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို အလေးထား ပါကြောင်း၊ ဟိုတယ်ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဦးစားပေးစီစဉ် ပေးထားပါကြောင်း၊ ပြည်သူများ ခရီးသွားနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို အထိုက်အလျောက် လျှော့ချပြီး ယာဉ်လိုင်းများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်ပေးနေရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များသာမက ပြည်သူ လူထုလုပ်ငန်းရှင်များ ကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် အစိုးရဘက်ကလည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း နယ်ပယ်ရှိ ဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ချေးငွေထုတ်ပေးထားမှုကို နောက်ထပ် () ထပ်မံ သက်တမ်းတိုးပေးထားပါကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပူပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်မှာ () နှစ်ခန့်ရှိခဲ့ပြီဖြစ်ကာ ခရီးသွား လုပ်ငန်း ပြန်လည်စ တင်နိုင်ရန် ပြည်တွင်းခရီးသွား လုပ်ငန်းကိုကနဦး ဦးစားပေးလုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက် သွားရမည့်အပြင် ဝန်ကြီးဌာနကလည်း Enchanting Myanmar Health and Safety Protocols (HSP) အတွက်သင်တန်းများပေးနေပြီး နိုင်ငံတကာနှင့်အညီ အဆင့်တံဆိပ်များ သတ်မှတ်ပေးသွားရန် စီစဉ်

ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းလေးဒေသ သဘာဝပတ်ဝန်းကျင် ထန်းသိမ်းရေးအတွက်  အလေးထား ဆောင်ရွက်သွားရန်နှင့် Hotel Guest  List Management System ကို သုံးစွဲသွားကြရန် လိုအပ်ပါကြောင်းနှင့် ဝန်ကြီးဌာနမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာ သူများက ဟိုတယ်များ ပြန်လည်ဖွင့်လှစ်ရာတွင် ဧည့်သည်များ၏ လုံခြုံရေး၊ ကျန်းမာရေး၊ ဝန်ထမ်း များအားကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအခြေအနေ များ၊ ချေးငွေကိစ္စ အခြေအနေများအားအသီးသီး ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသည်။

အလှူငွေများ ပေးအပ် ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဖောင်တော်ဦးရုပ်ရှင်တော် မြတ်စွာဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဘုရားဖူးလာခရီး သွားများအတွက် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်း များနှင့်အညီ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးကာ ဘုရားဂေါပကအဖွဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးတွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအရဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အား ပြန်လည်ဖွံ့ဖြိုး တိုးတက်အောင် စီစဉ်ဆောင် ရွက်နေပါကြောင်း၊ ပုဂံ မန္တလေး-ပြင်ဦးလွင် ရန်ကုန်ချောင်းသာ - ငွေဆောင်၊ ကလော - အင်းလေး - တောင်ကြီး-ပင်းတယ၊ ရန်ကုန်-ငပလီ ကဲ့သို့သော မြန်မာနိုင်ငံရှိ အထင်ကရ ခရီးစဉ်ဒေသများကို ပြည်သူများ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ပြန်လည်သွားလာလည် ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ကိုဗစ်-၁၉ အလွန် ကာလတွင် ပြည်သူများ ခရီးသွားလာနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးပါက လွတ်လပ်စွာ သွားလာ နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကန့်သတ်ချက်များဖြေလျှော့ ခြင်းများကို ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို မှီခိုအားထားနေ သော ပြည်သူများစွာရှိနေသောကြောင့် ပြန်လည် ဖွံ့ဖြိုးလာပါက လူတန်းစားပေါင်းစုံတိုက်ရိုက်အကျိုး ခံစားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၊ တိုင်း ဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများနှင့် ပုဂ္ဂလိက သင်းအဖွဲ့များတို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ခရီးစဉ်ဒေသများဖွင့်လှစ်တွင်ပြည်သူများအတွက် စိတ်အပန်းပြေစေနိုင်သော လည်ပတ်စရာနေရာ

များကိုလည်း ပြန်လည်ဖွင့်လှစ်ပေးသွားရန် လိုအပ် ပါကြောင်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism (CBT) CopS ဆက်လက် အကောင်အထည်ဖော်သွားရန် လိုအပ် ပါကြောင်း၊ ခရီးသွားဧည့်သည်များ၏ လုံခြုံရေး အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးစေလိုပါ ကြောင်းပြောကြားသည်။

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေမှုများ၊ ခရီးသွားရွာ (၁၂) ရွာအပါအဝင် ခရီးစဉ်အသစ်များဖော်ခေါ်နေမှုများ၊ တောင်ကြီးအင်းလေး-ပင်းတယ တစ်ဆက်တည်း ခရီးစဉ် သွားရောက်နိုင်သည့် အခြေအနေများကို ပြန်လည် ဆွေးနွေးသည်။

လှည့်လည်ဖူးမြော်

 ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ပင်းတယမြို့သို့ သွားရောက်ကာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း တို့လိုက်ပါပြီး ပင်းတယ ရွှေဥမင်  လိုဏ်ဂူတော်ဘုရား လိုဏ်ဂူတော်အတွင်းလှည့်လည် ဖူးမြော်ခဲ့ကာ ဘုရားဖူးလာ ခရီးသွားများအတွက် ( ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုခဲ့ပြီး ဘုရား ဂေါပကထံသို့ အလှူငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ (Global Gas Pindaya) ဟိုတယ်ကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ် ထားရှိမှုများ၊ ပြည်တွင်းခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ချိန် ခရီးသွားဧည့်သည် အများအပြား လာရောက်ရာတွင် ကျန်းမာရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဝန်ဆောင်မှု အပြည့် အဝပေးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တွေ့ဆုံပြီး ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စတင်ဖွင့်လှစ်သွားနိုင်ရေး၊ ခရီးသွား ဆွဲဆောင်မှုနေရာများနှင့် ခရီးစဉ်ဒေသ ( အသစ်များဖေဆင်နိုင်ရေး၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနယ်ပယ်ရှိ ဝန်ထမ်းအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်