Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ US Treasury - အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများအစည်းအဝေးနှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီး အကဲများအစည်းအဝေးသို့တက်ရောက်

နေပြည်တော် မတ် ၂၆ US Treasury - အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အစည်းအဝေးသို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံဘဏ္ဍာရေး နှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။ အစည်းအဝေးတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းစီးပွားရေးပြန်လည်ဦးမော့မှုနှင့် အမေရိကန်ပြည်ထောင်စုမှ ဆောင်ရွက်လျက်ရှိသည့် မူဝါဒတုံ့ပြန်မှုများအပေါ် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများ၊ ရာသီဥတုပြောင်းလဲမှုအပေါ် ရင်ဆိုင်ဖြေရှင်းမှုများ၊ ဘဏ္ဍာငွေ စဉ်ဆက် မပြတ်ထိန်းသိမ်းထားနိုင်မှုကို မြှင့်တင်ရန် အမေရိကန်ပြည်ထောင်စု၏ ဦးစားပေးဆောင် ရွက်မှုများနှင့်ပတ်သက်၍ US Treasury ဘက်မှ Deputy Assistant Secretary ဖြစ်သူ Mr. Robert kaproth က လည်းကောင်း၊ အာဆီယံနိုင်ငံများ၏ မူဝါဒဆိုင်ရာတုံ့ပြန်ချက်များနှင့် တိုးတက်မှုများ အပေါ် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှလည်းကောင်း တင်ပြဆွေးနွေးကြရာ အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများမှ မိမိတို့နိုင်ငံ၏ ဆောင်ရွက်နေမှုများ၊ ဦးစားပေး ဆောင်ရွက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြန်လည် ဆွေးနွေးကာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေး (AFCDM)ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများနှင့် အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်သည်။ အစည်းအဝေးတွင် အာဆီယံသဘာပတိဖြစ်သူ ဘရူနိုင်းနိုင်ငံမှ ၂၀၂၁ ခုနှစ်အတွက် ဦးစား ပေးအစီအစဉ်များကိုလည်းကောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်မှ ၂၀၂၁ အာဆီယံငွေရေးကြေး ရေးပေါင်းစည်းမှု စောင့်ကြည့်လေ့လာရေးအစီရင်ခံစာကိုလည်းကောင်း၊ အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေးလမ်းပြမြေပုံနှင့်စပ်လျဉ်း၍ အာဆီယံအဆင့်မြင့်ကော်မတီ၏ ပူးတွဲသဘာပတိများ နှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ၎င်းတို့ဆောင်ရွက် ရမည့် ဦးစားပေးလုပ်ငန်းရပ်များဖြစ်သည့် ငွေလုံးငွေရင်းစာရင်းပိုမိုလွတ်လပ်ခွင့်ပြုရေး (Capital Account Liberalization - CAL) ၊ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး (Capital Market Development - CMD)၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများလွတ်လပ်ခွင့်ပြုရေး (Financial Services Liberalization - FSL)၊ အာဆီယံဘဏ်လုပ်ငန်းကဏ္ဍပေါင်းစည်းရေးမူဘောင် ( ASEAN Banking Integration Framework - ABIF)၊ ငွေရေးကြေးရေးကဏ္ဍတွင် အားလုံးပါဝင်ရေး (Financial Inclusion -FINC) ၊ ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ် ( Payment and Settlement Systems-PSS)တို့၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြ ခဲ့ရာ အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများက တင်ပြချက်များအပေါ် လမ်းညွှန်မှု များပေးခဲ့ကြသည်။ အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အာဆီယံဒေသတွင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး၊ ဘဏ်လုပ်ငန်းကဏ္ဍပေါင်းစည်းရေးနှင့် ငွေပေး ချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် အာဆီယံဒေသတွင်း ဗဟိုဘဏ်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ နိုင်ငံခြား ဘဏ်များအား ဘဏ်ခွဲများ၊ Subsidiary Licence များခွင့်ပြုထားခဲ့ပြီး Equity Participation အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေရေးကြေးရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ ကဏ္ဍနှင့် ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအပြင် အာဆီယံဒေသ အတွင်းမှလည်း ဆက်လက်ရင်းနှီးမြှုပ်နှံရန်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း၊ ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှု (Financial Integration) အတွက် Financial regulation & restructure များလုပ်ဆောင်လျက်ရှိပြီး၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများအတွက် inbound/ outbound retail payment remittance ကိုခွင့်ပြုရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချိန်နှင့် တစ်ပြေးညီ အသေးစားငွေသားပေးချေခြင်းစနစ် (Real Time Retail Payment System -RTRPS) အတွက် QR Code Myanmar Standard ကို သတ်မှတ်ခဲ့ပြီး၊ စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့နှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့မှ နည်းပညာအကူအညီများရရှိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် အာဆီယံဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း ပြည့်မီစေရန် ဆောင်ရွက်လျက်ရှိ ပါကြောင်း ဆွေးနွေးခဲ့သည်။ ယင်းနောက် အာဆီယံစဉ်ဆက်မပြတ် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တင်ပြခဲ့ရာ၊ ဒုတိယအကြီးအကဲများက၊ ၂၀၂၁ ခုနှစ်အတွက် ဦးစားပေးအစီအစဉ်များ၊ အာဆီယံငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ရာ မတ် ၃၀ ရက်တွင် ကျင်းပမည့် (၇) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (7th AFMGM) သို့တင်ပြမည့် ပူးတွဲကြေညာချက်မူကြမ်းကို အပြီးသတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (သတင်းစဉ်)