Jul 06, 2022
“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ရေးဆွဲရေးအတွက် လုပ်ငန်း အဖွဲ့အဆင့် အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင် ကျင်းပဆွေးနွေးခဲ့ကြရာ နဝမ အကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှ နေ့လယ် ၁ နာရီအချိန်ထိ Video Conferencing ဖြင့် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
Jul 06, 2022
ပဲခူးခရိုင်အတွင်း လူသုံးကုန်နှင့် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စျေးကွက်ထဲတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ ( 3 in 1) ၊ သွားတိုက် ဆေး နှင့်ဖြည့်စွက် အစားအစာများကို တရားမဝင်တင်သွင်းရောင်းချမှု ရှိ/မရှိ ဇွန်လ ၂၁ ရက်နေ့ တွင် ဒိုက်ဦး၊ ညောင်လေးပင်၊ ရွှေကျင် ၊ သနပ်ပင်မြို့များရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စျေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။
Jul 06, 2022
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သတွဲခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်သည် သံတွဲခရိုင် FDA၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်းကာ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀ အချိန်ခန့်က သံတွဲမြို့ ဦးဥတ္တမလမ်းရှိ ကိတ်မုန့်၊ ပေါင်မုန့်များထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ဇေယျာမုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 06, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်တွင်း ထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့ သာရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 06, 2022
ပုဂံညောင်ဦးဒေသ၏ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သည့် ပုန်းရည်ကြီးသည် မိရိုးဖလာ အစဉ်အဆက် လက်ဆင့်ကမ်းလာသည့် အညာကယဉ်ကျေးမှု ပြယုဂ်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသားတို့၏ မရှိမဖြစ်လက်စွဲ ဓာတ်စာဟုပင်တင်စားခေါ်ဝေါ်နိုင်သည်။ ဘုရားဖူးလာဧည့်သည်များအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားသော ပုန်းရည်ကြီးထုပ်ကလေးများသည် လက်ဆောင်ပေးသူများအတွက်လည်း မျက်နှာပန်းလှပြီး လက်ဆောင်ရရှိသူများ အဖို့မှာလည်း အာနိသင်ပြည့်ဝသည့် ပုန်းရည်ထုပ်ကလေးများကြောင့် ပျော်တပြုံးပြုံးမော်မဆုံး ရှိတတ်ကြပါသည်။ အသင့်သုံးစားသောက်ကုန် တစ်ခုဖြစ်သည့် ပုန်းရည်ကြီးသည် အလွန်အရသာရှိပြီး အကျိုးအာနိသင်ပြည့်ဝသည့် ဒေသထွက်ကုန်တစ်ခုဖြစ်ပြီး ပုဂံညောင်ဦးဒေသ၏ ဂုဏ်ယူဖွယ်ရာ ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။
Jul 06, 2022
National Enlightenment Institute–NEI နှင့် မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော “စီးပွားရေးဆိုင်ရာအလုပ်သင်အစီအစဉ် (အပတ်စဉ်-၂)သင်တန်းသား/သူများ၏ လုပ်ငန်းအတွေ့အကြုံများတင်ပြခြင်းနှင့် သင်တန်းဆင်း ပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့တွင် မော်လမြိုင်မြို့၊ Hotel KS ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 06, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် လင်းခေးမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုင်းပန်မြို့နယ်နှင့် ကျိုင်းတောင်းမြို့တို့မှ ဦးစီးမှူးများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှူးတို့ကို တွေ့ဆုံသည်။
Jul 06, 2022
မြိတ်မြို့၊ ပြည်မြို့နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jul 06, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မန္တလေးမြို့သို့ သွားရောက်မည့်ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော လျှပ်စစ်ထမင်းပေါင်းအိုးအလုံး ၂၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၀၀၀၀)ကို လည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော Unsaturated Polyester Resin ၁၁၂၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၈၅၀၀)ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆၈၅၀၀)ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jul 06, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jul 06, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံ ပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 06, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Jul 06, 2022
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 06, 2022
၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jul 06, 2022
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၃/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
Jul 06, 2022
နေပြည်တော် စည်ပင်သာယာရေးကော်မတီ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။
Jul 06, 2022
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာရေးအတွက် အစိုးရတစ်ရပ်တည်းကဆောင်ရွက်နေရုံဖြင့် ရည်မှန်းချက်သို့ ဆောလျင်စွာမရောက်နိုင်ပေ။ ဝန်ထမ်းများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုအားလုံးတို့က တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရနိုင်ပေမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော အရေးပါသည့်ကိစ္စရပ်များအား ခြုံငုံသိရှိနားလည်နိုင်ရန် အသိပညာ၊ အတတ်ပညာမြင့်မားပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် လူဦးရေရာခိုင်နှုန်းများပြားလာရေး လိုအပ်သည်။
Jul 06, 2022
မြန်မာနိုင်ငံ၏ တည်ရှိနေသည့် ပထဝီအနေအထားနှင့်မြေမျက်နှာ သွင်ပြင်တို့အရ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် နိုင်ငံများထဲတွင်ပါဝင်သည်။ သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့်မြေငလျင်တို့မှာ မြန်မာနိုင်ငံအတွက် အဓိကကျသော သဘာဝဘေးအန္တရာယ်များပင်ဖြစ်သည်။ မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းသိရှိနိုင်ပြီး ထိခိုက်ဆုံးရှုံးမှုနည်းအောင် ပြင်ဆင်တိမ်းရှောင်နိုင်သော်လည်း မြေငလျင်မှာမူ ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ခြင်းမရှိသည့်အတွက် ငလျင်၏ သဘောသဘာဝကို သိနားလည်ရန်နှင့် ငလျင်ဖြစ်ပေါ်လာပါက ဘေးအန္တရာယ်မှလွတ်မြောက်အောင် တိမ်းရှောင်တတ်ရန် လေ့လာပြင်ဆင်ကြရမည်ဖြစ်သည်။
