သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်တွင်း ထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့ သာရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် (၂) ဦးဇေယျာလင်းက အဖွင့်အမှာ စကားပြောကြားရာ ယခုအခါနိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ပြီး ကျေးလက်နေပြည်သူများမှာ ၇၀ ရာခိုင်နှုန်းရှိနေပါကြောင်း၊ ကျေးလက်နေပြည်သူ များလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိဒေသထွက် ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိသည့်အပြင် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချမည့် ဘာသာရပ်များကို အလေးထားသင်ယူလျက် လက်တွေ့ဘဝ တွင် အကျိုးရှိရှိအသုံးချသွားစေလို ပါကြောင်း၊ပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်မှနိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊နိုင်ငံတော် ဘက်မှ လည်းပြည်သူများ၏ လိုအပ်ချက်များကို အတက်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ပြည်သူများကလည်း မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးကို စွမ်းအားရှိသလောက် ဝိုင်းဝန်းဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့သည်။သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂)၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား/သူ (၂၀) ဦးတက်ရောက်ခဲ့ သည်။အဆိုပါသင်တန်းတွင် ကိတ်မုန့်ပြုလုပ်နည်း၊ ဖျော်ရည်ပြုလုပ်နည်း၊ ယိုမျိုးစုံပြုလုပ်နည်း များသင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ (၂၇) ရက်မှ ဇူလိုင်လ (၃) ရက်နေ့ထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
DOCA(ပြည်ထောင်စုနယ်မြေ)