Skip to main content

ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်အသင်းက တံခွန်စိုက်ဒိုင်းဆုရရှိ

နေပြည်တော် ဇူလိုင် ၅

၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စားဌာနချုပ်မှူးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော တနင်္သာရီရေတပ်စခန်းဌာနချုပ် အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ဌာနချုပ်မှူးနှင့်အဖွဲ့ဝင်များက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ဘော်လီဘောပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဇွန် ၂၇ ရက်မှ ယနေ့အထိယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်