Jul 05, 2022
နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကြေညာချက် အပြည့်အစုံမှာ -
Jul 05, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Jul 05, 2022
တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မားစေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ)လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း ဇူလိုင်လ ၁ ရက်နေ့မှစ၍ မြန်မာ့ရေပိုင်နက် ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း တပ်မတော်(ရေ)မှ တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်(မင်းရဲသိင်္ခသူ)နှင့် တိုက်ခိုက်ရေးရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်)အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield-2022)အား လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
Jul 05, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jul 05, 2022
သူနာပြုအုပ်/ဦးစီးအရာရှိ(သူနာပြု)အဆင့်သို့ ရာထူးတိုးမြှင့်ခန့်ထားသည့် အမိန့်ကြော်ငြာစာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Jul 05, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သစ်လွင်ဝန်ထမ်း ဦးစီးအရာရှိများအတွက် Digital Literacy သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 05, 2022
စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းများ စွန့်ပစ်ပစ္စည်းများဖြင့် အပင်အာဟာရပျော်ရည်ထုတ်လုပ်အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲနှင့် နည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
Jul 05, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သုခဝတီအိမ်ရာစီမံကိန်း ဧရိယာအတွင်း၌ ကျင်းပသည်။
Jul 05, 2022
ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကာကွယ်တိုက်ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် ယွမ်ငွေ ၆ သန်းကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေးအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ၊ ထိန်ချုံးမြို့၌ ကျင်းပသည်။
Jul 05, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဧကာဒသမအစည်းအဝေး၊ ဒုတိယနေ့ကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသံဂါယနာ မဟာပါသာဏဂိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
Jul 05, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
Jul 05, 2022
အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှု စည်းကြပ်ခွန် အမြင့်ဆုံးနှုန်းထားကို အမေရိကန် ဒေါ်လာ ၂၀၀ သို့ လျှော့ချလိုက်သော်လည်း ဩဂုတ်လတွင် ပြန်လည်မြင့်တက်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် မကြာသေးမီက ထုတ်ပြန်ခဲ့သည့်
Jul 05, 2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ဆောင်ရွက်သောဒေသဖြစ်ရာ စပါးကိုအများဆုံးစိုက်ပျိုးကြပါသည်။
Jul 05, 2022
သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများဖြစ်ကြသော စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းနှင့်် မကွေးတိုင်းတို့တွင် အများဆုံး စိုက်ပျိုးထုတ်လုပ်လျှက်ရှိရာ ယခင်နှစ်ကထက် ယခုကာလ၌ သနပ်ခါးဈေးကွက်ဈေးကောင်းရရှိနေကြောင်းသိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ သနပ်ခါးစိုက်ပျိုးထွက်ရှိရာဒေသများအနက် “သနပ်ခါးမြို့တော်” ဟုတင်စားခေါ်ကြသော အရာတော်မြို့၌ သနပ်ခါးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လာကြောင်း သိရသည်။
Jul 05, 2022
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ၌ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၇) ကိုလည်းကောင်း၊ အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၁၂၁)ကို လည်းကောင်း သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက် ၈ နာရီတွင် Online Learning System ဖြင့် ကျင်းပသည်။
Jul 05, 2022
အမျိုးသမီးများကို တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ခြင်း၊ ပို့ဆောင်ရောင်းစားသူများကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင် သိရသည်။
Jul 05, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ လှော်ကားပင်မဓာတ်အားခွဲရုံနှင့် မှော်ဘီမြို့နယ်ရှိ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)တို့ကို ကြည့်ရှုစစ်ဆေးသည်။
Jul 05, 2022
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ ( ဌ ) တွင် ပြဋ္ဌာန်းထား သော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့်ကြီးကြပ်စေခြင်း” တာဝန်နှင့်အညီ နိုင်ငံရေးပါတီ များ၏ ပါတီဝင်အင်အား၊ ပါတီ ပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့်စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Jul 05, 2022
နားမကြားသောကလေးများကျောင်း (မန္တလေး)၌ ဖွင့်လှစ်ပို့ချမည့် မြန်မာစံလက်သင်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန EC ခန်းမ၌ ကျင်းပသည်။
