National Enlightenment Institute–NEI နှင့် မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော “စီးပွားရေးဆိုင်ရာအလုပ်သင်အစီအစဉ် (အပတ်စဉ်-၂)သင်တန်းသား/သူများ၏ လုပ်ငန်းအတွေ့အကြုံများတင်ပြခြင်းနှင့် သင်တန်းဆင်း ပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့တွင် မော်လမြိုင်မြို့၊ Hotel KS ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးနယ်ပယ်သို့ ဝင်ရောက် ကြမည့် သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထိုသို့ဟောပြောရာတွင် စားသုံးသူအခွင့်အရေးနှင့် တာဝန်များစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်၊ ဝန်ဆောင်မှု အသုံးပြုရာတွင် စားသုံးသူနစ်နာမှုဖြစ်ပေါ်လာပါက စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပါသင်တန်းဆင်းပွဲသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း သား/သူများ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(မွန်)