Skip to main content

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ရေးဆွဲရေးအတွက် နဝမအကြိမ် လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ရေးဆွဲရေးအတွက် လုပ်ငန်း အဖွဲ့အဆင့် အစည်းအဝေးများကို  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင် ကျင်းပဆွေးနွေးခဲ့ကြရာ နဝမ အကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှ နေ့လယ် ၁  နာရီအချိန်ထိ Video Conferencing ဖြင့် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံ အဖွဲ့ဝင် (၁၀) နိုင်ငံမှ ဘာသာရပ်တာဝန်ခံ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၂၈)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်က အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးတွင် “အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ် ’’၌ ထည့်သွင်းရေး ဆွဲမည့် Articles များကို လမ်းညွှန်အခြေခံမူများ၏ နောက်ဆက်တွဲအဖြစ် ပူးတွဲနိုင်ရေး ထပ်မံဖြည့်စွက်လိုသည့် အချက်များနှင့် လုပ်ငန်းအစီစဉ် တို့ အပေါ် အဓိကထားဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင်ဆွေးနွေးရရှိလာသည့် ဆွေးနွေးမှုရလဒ်များကို အခြေခံပြီး “အာဆီယံ ယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ကို ညှိနှိုင်းဆွေးနွေးရေး ဆွဲကြရမည်ဖြစ်ပါသည်။