ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ သတွဲခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်သည် သံတွဲခရိုင် FDA၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်းကာ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀ အချိန်ခန့်က သံတွဲမြို့ ဦးဥတ္တမလမ်းရှိ ကိတ်မုန့်၊ ပေါင်မုန့်များထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ဇေယျာမုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်၊ ဦးစီးအရာရှိက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် ထုတ်လုပ်သည့်ကုန်စည်ပေါ် တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း မရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်၏တံဆိပ်အမှတ်အသား မူပိုင်ခွင့်လျှောက်ထားနိုင်ရေးဆွေးနွေးခြင်း၊ သံတွဲခရိုင် FDA မှ ဒေါက်တာရဲမင်းသိန်းက လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်ရေး၊ ကုန်ကြမ်းပစ္စည်းများ၏ စံချိန်စံညွှန်း၊ ကုန်ချောပစ္စည်းများ လုံခြုံစိတ်ချနိုင်ရေးအတွက် FDA မှ ဓါတ်ခွဲစမ်းသပ် ဆောင်ရွက်နေမှုအခြေအနေ၊ FDA၏ ခွင့်ပြုလိုင်စင်လျှောက်ထားနိုင်ရေးတို့အားလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်စုလေးနိုင်က မုန့်ဖုတ်လုပ်သားများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သုံးစွဲပြီးရေဆိုးရေညစ်များ စနစ်တကျစွန့်ထုတ်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းဝေးစေရေးတို့အားလည်းကောင်း၊ သံတွဲခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှူး ဒေါ်စုမြတ်မွန်က အသေးစားစက်မှုလုပ်ငန်းလိုင်စင်လျှောက်ထားရေးနှင့် နည်းပညာဖြန့်ဝေပေးမှုအခြေအနေတို့ အား ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိသည်။
DOCA(ရခိုင်)