Skip to main content

ပဲခူးခရိုင်အတွင်း ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးခရိုင်အတွင်း လူသုံးကုန်နှင့် စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စျေးကွက်ထဲတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ ( 3 in 1) ၊ သွားတိုက် ဆေး နှင့်ဖြည့်စွက် အစားအစာများကို တရားမဝင်တင်သွင်းရောင်းချမှု ရှိ/မရှိ ဇွန်လ ၂၁ ရက်နေ့ တွင် ဒိုက်ဦး၊ ညောင်လေးပင်၊ ရွှေကျင် ၊ သနပ်ပင်မြို့များရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း၊  ဇွန်လ ၂၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ရှိ ကုန်စုံဆိုင်ကြီးများတွင်လည်းကောင်း စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စျေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ကြီးများတွင် ၎င်းအမှတ်တံဆိပ်အား ရောင်းချမှုမရှိကြောင်း တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ မြို့နယ်ခံများက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမီကုန်ပစ္စည်းများ ရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည်ဟု ယူဆရသောကုန်စည်များ ပပျောက်နိုင်ရေးအတွက် မိမိဌာနရှိ စစ်ဆေးရေးအရာရှိများမှ အပတ်စဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)