Oct 10, 2022
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယသည် မိုးရိပ်မိုးငွေ့တို့ မကုန်သေးသည့်တိုင် ခြေခင်းလက်ခင်းသာ စပြုပြီဖြစ်သည်။ မိုးဥတုနှင့်အတူ ဝါတွင်းသုံးလပတ်လုံး အနားမရခဲ့သမျှတို့ကို အတိုးချကာ သီတင်းကျွတ်ကာလ ရုံးပိတ်၊ ကျောင်းပိတ်ရက်တို့ စသည်နှင့် ကျောင်းကန်ဘုရားတို့တွင် စည်ကားသကဲ့သို့ ပွဲလမ်းသဘင်၊ ပျော်ပွဲရွှင်ပွဲတို့ဆီမှာလည်း ကြက်ပျံမကျအောင် စည်ကားမြဲဖြစ်သည်။ မြန်မာလူမျိုးတို့မှာ နှစ်တစ်နှစ်၏ ၁၂ လရာသီတွင် ရာသီအလိုက် လအလိုက် ကိုက်ညီဆီလျော်သည့် ပွဲတော်များကို ကျင်းပခဲ့ရာ ရာသီ ၁၂ လ ပွဲတော်များသည် မြန်မာ့ယဉ်ကျေးမှု ပွဲတော်များပင်ဖြစ်သည်။
Oct 10, 2022
သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာနတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူး ဝိသေသတို့ဖြင့် အထူးတလည်ပြည့်စုံသော နေ့ထူးနေ့မြတ် ဖြစ်သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၉-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Oct 09, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Oct 09, 2022
၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရင်ပြင်တော် ဓမ္မာရုံ၌ ကျင်းပသည်။
Oct 09, 2022
ရန်ကုန်-အောက်တိုဘာ(၉)
သတင်း-ဇော်မင်းလတ်(MNA)၊ ကျော်စိုးဝင်း
Oct 09, 2022
ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)သည် နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြပြီး ဥပုသ်သီလခံယူ ဆောက်တည်ကြသည်။
Oct 09, 2022
၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များသည် ယနေ့နံနက်ပိုင်းမှ စတင်၍ တည်းခိုနေထိုင်ကြမည့် နေပြည်တော် စစ်ကြောရေး နှင့် တည်းခိုရေစခန်းသို့ ရောက်ရှိကြသည်။
Oct 09, 2022
စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီး၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ပြီး ဆွမ်းဆန်တော်လောင်းလှူကြသည်။
Oct 09, 2022
မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ / တိုင်းဒေသကြီး / ပြည်နယ်များတွင် ဝန်းကျင်လေထုအရည်အသွေးကို Environmental Perimeter Air Station (EPAS) - Haz-Scanner ဖြင့် Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Nitrogen Dioxide (NO2)၊ Sulphur Dioxide (SO2)၊ Ozone (O3)နှင့် Carbon Monoxide(CO)စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။
Oct 09, 2022
မော်တော်ယာဉ်မောင်းနှင်သူသည် မီးဖွင့်မောင်းရာတွင် အောက်ပါအချက်များကို လိုက်နာရပါမည်-
Oct 09, 2022
မော်တော်ယာဉ်မောင်းနှင်သူသည် မိမိရှေ့မှမော်တော်ယာဉ်ကို ကျော်တက်လိုလျှင် အောက်ပါအချက်များကို ဂရုပြုရပါမည်-
Oct 09, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသောအထည်အလိပ်များ ကီလိုဂရမ် ၁၈၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၉၄၈၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Oct 09, 2022
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ပဲခူးမြို့ ဥဿာမြို့သစ်(၄)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ရန်မင်းအောင်နှင့်ကျော်မြင့်ထွန်းတို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကိုလည်းကောင်း။
Oct 09, 2022
ပြည့်တန်ဆာအဖြစ်ခိုင်းစေ၍ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့်အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
Oct 09, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းယားလိတ်ဟိုတယ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
Oct 09, 2022
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတိပေးနှိုးဆော်ချက်များ နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။
Oct 09, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Oct 09, 2022
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည့် ပြိုင်ပွဲအခမ်းအနားဖြစ်သဖြင့် ကျင်းပစဉ်ကာလအတွင်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ထမ်းများက စီမံချက်အတိုင်း မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို အထူးတာဝန်တစ်ရပ်အနေဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။
Oct 09, 2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါတွင်းကာလအဖိတ်လပြည့်နေ့တိုင်း သံဃာတော်အပါး ၅၀၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့ လောကာနန္ဒာ စေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
