Skip to main content

ပဲခူးမြို့နှင့် ညောင်ရွှေမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ပဲခူးမြို့ ဥဿာမြို့သစ်(၄)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ရန်မင်းအောင်နှင့်ကျော်မြင့်ထွန်းတို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကိုလည်းကောင်း။

အလားတူ အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု အင်ကြင်းကုန်းကျေးရွာအနီးတွင် မောင်လေးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်