Skip to main content

မော်တော်ယာဉ်မောင်းနှင်သူသည် မိမိရှေ့မှယာဉ်ကို ကျော်တက်လိုပါက ဂရုပြုရမည့်အချက်များ {နည်းဥပဒေ ၂၉၀(က)}

မော်တော်ယာဉ်မောင်းနှင်သူသည် မိမိရှေ့မှမော်တော်ယာဉ်ကို ကျော်တက်လိုလျှင် အောက်ပါအချက်များကို ဂရုပြုရပါမည်-

(က)    နောက်မှလိုက်ပါနေသောမော်တော်ယာဉ်သည် မိမိမော်တော်ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်နေခြင်းရှိ/ မရှိ ၊

(ခ)     မိမိကျော်တက်လိုသော မော်တော်ယာဉ်သည် ယင်း၏ရှေ့ရှိ မော်တော်ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်ခြင်း ရှိ/ မရှိ၊

(ဂ)     ကျော်တက်ရာတွင် မိမိအသုံးပြုမည့် ယာဉ်ကြောသွားလာမှု ရှင်း/ မရှင်း။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန