မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ / တိုင်းဒေသကြီး / ပြည်နယ်များတွင် ဝန်းကျင်လေထုအရည်အသွေးကို Environmental Perimeter Air Station (EPAS) - Haz-Scanner ဖြင့် Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Nitrogen Dioxide (NO2)၊ Sulphur Dioxide (SO2)၊ Ozone (O3)နှင့် Carbon Monoxide(CO)စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့၊ ထားဝယ်မြို့၊ မြစ်ကြီးနားမြို့၊ လွိုင်ကော်မြို့၊ ဘားအံမြို့၊ မော်လမြိုင်မြို့၊ စစ်တွေမြို့၊ တာချီလိတ်မြို့နှင့် လားရှိုးမြို့တို့တွင် တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များအား Air Quality Index (AQI) ဖြင့် တွက်ချက်ထားမှုအရ အောက်ပါအတိုင်း လေ့လာဆန်းစစ်တွေ့ရှိရပါသည်-
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ စက်ရုံများမှထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေးတိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန