နေပြည်တော် အောက်တိုဘာ ၁၂
CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအား မတရားစွပ်စွဲ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံပိုင် အဆောက်အဦ၊ ရုံးဌာနများ၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦများအား နှောင့်ယှက် ဖျက်ဆီးမှုများကို လုပ်ဆောင်လျက် ရှိသည်။
ထို့ပြင် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေး၊ လမ်းပန်းဆက်သွယ် လွယ်ကူချောမွေ့စေရေး တို့အတွက် အစိုးရအဆက်ဆက် နိုင်ငံတော်ဘဏ္ဍာငွေများ အမြောက်အများ အသုံးပြုပြီး အချိန်ကာလကြာရှည်စွာ တည်ဆောက်ထားသည့် လမ်း၊ တံတားများကို PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ရာ ယနေ့အထိ ၇၃၂ ကြိမ်လုပ် ဆောင်ခဲ့မှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-
နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ် လွယ်ကူချောမွေ့စေရေးဆောင်ရွက်နေမှုများအပေါ် PDF အမည်ခံ အကြမ်းဖက် သမားများက ယခုကဲ့သို့ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ပူးပေါင်းကာကွယ် သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့ကာ အကြမ်းဖက်သမားများ ရပ်တည်မှု မရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်အပ်ပါသည်။