မြန်မာနိုင်ငံစာရေးဆရာအသင်း၏
သဘောထားထုတ်ပြန်ချက်
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်
၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကင်ပွန်းစခန်းရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော် တောင်တက် မော်တော်ယာဉ်ဝင်း အနီးတွင် အောက်တိုဘာလ ၁၂ ရက် ယနေ့နံနက်ပိုင်း၌ အကြမ်းဖက်သမားများက လက်နက်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဖူးပြည်သူ သုံးဦး သေဆုံးကာ(၁၉)ဦး ဒဏ်ရရှိခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။
၂။ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော် ကုသိုလ်ကောင်းမှု ပြုလုပ်ကြသော အပြစ်မဲ့ပြည်သူများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည့် အကြမ်းဖက် သမားများအား မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံစာရေးဆရာအသင်း