Skip to main content

(၂၈) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အစည်းအဝေး တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

ရန်ကုန် အောက်တိုဘာ ၁၂

(၂၈) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (28th Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့ တက်ရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်။

အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီး၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ လိုက်ပါသွားကြသည်။

ယင်းအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်