မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
သဘောထားထုတ်ပြန်ကြေညာချက် (၆/၂၀၂၂)
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့
၁။ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင် တောင်တက်ကားဂိတ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရပါသည်။
၂။ ဝါကျွတ်ကာလတွင် အများပြည်သူများက ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမျှော်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်နေချိန်ကို အခွင့်ကောင်းယူကာ နိုင်ငံတော်နှင့် ပြည်သူများ ပျက်စီးရေးကိုရှေးရှုလျက် လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့မှုများသည် စက်ဆုပ်ရွံရှာဖွယ်အတိ ဖြစ်ပါသည်။
၃။ နိုင်ငံနှင့်အဝှမ်း ဘုရားဖူးခြင်း၊ အပန်းဖြေ အနားယူခြင်းများဖြင့် စည်ကားအေးချမ်းစွာ အများပြည်သူတို့ လှုပ်ရှာ းနေထိုင်ခြင်းများကို မနာလို မရှုဆိတ်သော သဘောဖြင့် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းများအား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ လက်မခံနိုင်ပါကြောင်းနှင့် အကြမ်းဖက်မှု ပြုလုပ်ခြင်းများအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ် ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ