Skip to main content

အသိပေးနှိုးဆော်ချက်

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ၁၀-၂-၂၀၂၄ ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းနှင့် ၁၂-၂-၂၀၂၄ ရက်နေ့ ၀၄:၀၀ အချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ ပြည်သူ့ရင်ပြင်၌ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပစဉ်အတွင်း ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်သွားလာသောယာဉ်များသည် မြေနီကုန်းမီးပွိုင့်တွင် ညာဘက်သို့ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသောယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းဘက်သို့ ချို့ကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း ဆက်လက်မောင်းနှင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့