Skip to main content

တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ညောင်ရွှေ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ် ညောင်ရွှေမြို့ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးတို့က တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းသား သင်တန်းသူများထံ သင်တန်း ဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ခုနစ်ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်