Skip to main content

Jul 23, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ် ရုံးပိတ် ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၆၉ခုမှအိမ်သုံးအောက်ဆီဂျင်စက်၂၉၆၈ခု Oximeter ၁၇၁၈၄ ခု၊ Thermometer ( ၁၇၈၈ ခု၊ Oxygen Regulator အခု ၁၀၈၀၊Flow Meter အခု ၁၀၀၀၊ Nalsa | Cannula ၂၅၀၂ ခု၊ Oxygen Mask အခု ၂၀၀၊ Oxygen Filter အခု ၅၀၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊တာချီလိတ်) ၌ ကုမ္ပဏီ ၃၄ ခုမှ နှာခေါင်း စည်းနှင့် လက်အိတ် ၉၉၇၂၅ ကီလိုဂရမ်၊ Liquid Oxygen /Pure Oxygen ၁၅၃၉၀ ဒသမ ၆၆ ကုဗမီတာ၊ Oxygen Cylinder/ Regulator အခု ၂၂၀၀၊ Oxygen Plant/Oxygen Concentrator ၆၉၅၄ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်ပေါ်လာသည့် အတွက် ကမ္ဘာပေါ်တွင် ရောဂါကူးစက်မှုနှင့် သေဆုံးမှုများ ပြန်လည် မြင့်တက်လာ ရခြင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း တိုးတက်လာရခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွေ့ရှိချက် လေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

မြန်မာနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြည်သူလူထုကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ဆံတော်ရပ်ကွက် ဇောတိ ကာရုံပါဠိ တက္ကသိုလ် ကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ကုဏ္ဍလဇောတိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊ မဟာထေရ်မြတ်ကြီးသည် သက်တော် (၉၄)နှစ်၊ သိက္ခာတော်(၇၅)ဝါ အရ ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်၊ (၂၁-၇-၂၀၂၁)၊ ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခွဲတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊ (၂၂-၇-၂၀၂၁)၊ ကြာသပတေးနေ့၊ မွန်းလွဲ ၁ နာရီခွဲတွင် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အန္တိမအဂ္ဂိဈာပနပြု လုပ်ခဲ့ ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်း စေရေးအတွက် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည်ဖြစ်၍ ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ ညွှန်ကြားချက်များကို သိရှိလိုက်နာ နိုင်ရန် အသံချဲ့စက်များဖြင့် သတိပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ သည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်တော် အတွင်းရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်း များနှင့် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ် တို့ကို ဆက်ကပ်လှူဒါန်း သည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှု မရှိစေပဲ အမြန်ဆုံး ဝင်ရောက်နိုင်ရေးအတွက် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ပင်လယ် ရေကြောင်းဆိပ်ကမ်းများနှင့် ထိုင်းနိုင်ငံဘက်တွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မောတောင်တို့မှလည်းကောင်း၊ တရုတ်နိုင်ငံဘက်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိ သည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ယနေ့ ညနေ၄နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ဖွင့်လှစ် ဆောင်ရွက်မည့် ကိုဗစ်-၁၉ Positive Centre ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinopharm ကုမ္ပဏီထုတ် COVID-19 ရောဂါ ကာကွယ်ဆေး Dose (၇၃၆,၀၀၀) နှင့် ဆက်စပ်ပစ္စည်းများ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ Air China လေကြောင်းလိုင်းဖြင့် ရောက်ရှိရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ video conferencing စနစ်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးထံမှ လွှဲပြောင်းလက်ခံရယူသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm BIBP ဆေးများ ယနေ့ ည ၆ နာရီ မိနစ် ၄၀ တွင် ပေကျင်း- ရန်ကုန်ပြေးဆွဲသည့် Air-China CA-589 လေယာဉ် ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ စီစဉ်မှုဖြင့် ဝယ်ယူသည့် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး (၁၀၀) သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် မိုင်းလားနယ်စပ်မှ ကျိုင်းတုံမြို့သို့ ယမန်နေ့ ည ၉ နာရီက ‌ရောက်ရှိခဲ့ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြိုဆို လက်ခံရယူ ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

မြင်းခြံမြို့နယ် စက်မှုဇုန်ရှိ အောက်ဆီဂျင်ဖြည့်ပေးနေသော ဝပ်ရှော့ပိုင်ရှင် အပါအဝင် လူခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် လာရောက်ဖမ်းဆီးသွားသည့် သတင်းအား RFA က ဖြစ်စဉ် အမှန်စိစစ်ခြင်း မရှိဘဲ ကျင့်ဝတ်မဲ့စွာ ထုတ်ပြန်ထား ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တစ်နှစ်အကြာ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေး ၂၀၂၁ အထူးဗီဒီယို ကွန်ဖရင့် Special VIDEO Conference of the 2021 ASEAN Health Ministers on “ASEAN COVID-19 Response after One Year” ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှ တက်ရောက်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဘဲ အမြန်ဆုံးရောက်ရှိ နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်း ခွင့်ပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် နေပြည်တော်ကောင်စီ နယ်မြေ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့များ၌

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းသည် ဇွန်လလယ်မှ စတင်ခဲ့ကာ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့၏ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများကို သုတေသနပြု နှိုင်းယှဉ်ရာတွင် တတိယလှိုင်းတွင် ကူးစက်ဖြစ်ပွားမှုနှုန်းသည် များပြားမြန်ဆန်ပြီး ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သရုပ်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်(ရန်ကုန်)၊စစ်ရေးပြကွင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဉက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြတ်သူနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 22, 2021

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ပေးပို့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို နေပြည်တော်လေဆိပ်မှ ကလေးမြို့ သို့လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သော အောက်ဆီဂျင်စက်ပစ္စည်း များကို ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဟားခါး၊ မင်းတပ်၊ ခန္တီး၊ သံတွဲမြို့များသို့ လည်းကောင်း ယနေ့နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်များဖြင့် အသီးသီး ပို့ဆောင်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်