နေပြည်တော် ဇူလိုင် ၂၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက် ပေးပို့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို နေပြည်တော်လေဆိပ်မှ ကလေးမြို့ သို့လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သော အောက်ဆီဂျင်စက်ပစ္စည်း များကို ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဟားခါး၊ မင်းတပ်၊ ခန္တီး၊ သံတွဲမြို့များသို့ လည်းကောင်း ယနေ့နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်များဖြင့် အသီးသီး ပို့ဆောင်ပေးခဲ့သည်။
တပ်မတော်ပို့ဆောင်ရေးလေယာဉ်များဖြင့် ပို့ဆောင်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများဖြစ်သည့် Bleaching Powder ၅၀ ပုံး၊ Surgical Gowns ၅၀ ပုံး၊ Exam Glove ၅၀ ပုံး၊ Surgical Cap ၃ ပုံး၊ Apron ၈ ပုံး၊ Face Shield ၂ ပုံး၊ Surgical Mask ၁၆၇ ပုံး၊ PPE Coverall ၂၄၀ ခု၊ Surgical Gloves ၂၅ ဖာ၊ KN-95 ၈ ဖာ၊ Goggle ၂၅ ပုံး တို့ကို လည်းကောင်း၊ အောက်ဆီဂျင် စက်ပစ္စည်းများဖြစ်သော Generator ၃ စုံ၊ Compressor ၃ စုံ၊ Gryer ၃ စုံ၊ Tank မျိုးစုံ ၉ စုံ၊ RIX ၃ စုံ၊ Rank ၃ စုံနှင့် UPS ၃ စုံတို့ကို လည်းကောင်း ပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြသည်။
အဆိုပါ အောက်ဆီဂျင် စက်ပစ္စည်းများကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ မုံရွာမြို့သို့ ပို့ဆောင်ပြီး ထိုမှတစ်ဆင့် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့မှတစ်ဆင့် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့သို့လည်းကောင်း တပ်မတော်ရဟတ်ယာဉ်များဖြင့် အဆင့်ဆင့် ဆက်လက်ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်