Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သရုပ်ပြ

နေပြည်တော်  ဇူလိုင်  ၂၁

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သရုပ်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်(ရန်ကုန်)၊စစ်ရေးပြကွင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဉက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြတ်သူနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအညီ PPE ဝတ်စုံများ ဝတ်ဆင်ကာ လူနာတင်ယာဉ်များ အသုံးပြု၍ လူနာ သယ်ယူရွှေ့ပြောင်းခြင်းလုပ်ငန်းများကို သရုပ်ပြသကြသည်။ ထို့နောက် မီးသတ်ဦးစီးဌာန၊ တပ်ဖွဲ့ဝင်များက အများပြည်သူနှင့်သက်ဆိုင် သည့် နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်နိုင်ရေးအတွက် အဆင့်မြင့် မီးငြိမ်းသတ်ယာဉ်များဖြင့် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်မှုကို သရုပ်ပြသကြသည်။

သရုပ်ပြမှုများအပြီးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သုံးပစ္စည်းကိရိယာများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်