Skip to main content

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ် -၁၉ ကာကွယ်ဆေး များရောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံ အတွင်းရှိ ပြည်သူလူထုများအား ဆက်လက်ထိုးနှံပေးသွားမည်

ရန်ကုန် ဇူလိုင် ၂၂

 

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm BIBP ဆေးများ ယနေ့ ည   ၆ နာရီ မိနစ် ၄၀ တွင်  ပေကျင်း- ရန်ကုန်ပြေးဆွဲသည့် Air-China CA-589 လေယာဉ် ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

 

အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း၊ ဆေးသုတေသနဦးစီးဌာနနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲတို့မှ တာဝန်ရှိ သူများက လက်ခံရယူခဲ့သည်။

 

ယနေ့ ရောက်ရှိသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm BIBP ဆေးများသည် ဆေးပုလင်းအရေအတွက် ၃၆၈၀၀၀ နှင့် ဆေးထိုးအပ် ၅၄၄၀၀၀ တို့ပါဝင်ပြီး ဆေးတစ်ပုလင်းလျင် လူနှစ်ဦးနှုန်းဖြစ်သည့်အတွက်  လူဦးရေ ၇၃၆၀၀၀ ကို ထိုးနှံပေးနိုင် ကြောင်း၊ အဆိုပါကာကွယ်ဆေးများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စီစဉ်ထား သည့်အတိုင်း မြန်မာနိုင်ငံရှိ ဦးတည်လူအုပ်စုများအတွက် ဦးစားပေး အစီအစဉ်ဖြင့်  ပြည်သူ        လူထုအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)