Dec 08, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များကို ယမန်နေ့ ညနေပိုင်းက Videoconferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး ရန်ကုန် တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးသည်။
Dec 08, 2020
ဂျပန်နိုင်ငံအစိုးရ၏ တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် (Official Development Assistance, ODA) အရ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းတို့တွင် ပြေးဆွဲအသုံး ပြုရန်လျာထားသည့် ရထားတွဲအသစ် ၂၄၆ တွဲကို မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက် ပေးပို့သွားရန် စီစဉ်ထားကြောင်း မစ်ဆူဘီရှိကော်ပိုရေးရှင်း (Mitsubishi Corporation) ၏ ယနေ့ ထုတ်ပြန် ချက်အရသိရသည်။
Dec 08, 2020
(၇-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၇၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 08, 2020
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ဆက်လက် ကျင်းပသည်။
Dec 08, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ဝိုင်းဝန်းကူညီ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ ရန်ကုန်ဘူတာကြီးတွင် မီးရထားစီးခရီးသည်များအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင် အသုံးပြုရေး လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်သည်။
Dec 08, 2020
နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၁၉၂၀ မှ ၂၀၂၀ ပြည့်နှစ်အထိ ဖြတ်သန်းခဲ့သည့် နှစ် ၁၀၀ ကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ခေါင်းစဉ်များဖြင့် ဒုတိယ အကြိမ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂) နာရီအချိန်က Virtual စနစ်ဖြင့် ကျင်းပ ပြုလုပ်သည်။
Dec 08, 2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီးတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးရထားစီးခရီးသည်များအားလုံး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင် အသုံးပြုရေး လူထုလှုပ်ရှားမှုကို
Dec 08, 2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက် ရှိရာယမန်နေ့ နံနက် ၁၀ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆၇/၂၀၂၀)ကိုကျင်းပပြုလုပ်ခဲ့သည်။
Dec 08, 2020
တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
Dec 08, 2020
၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်၊ ၂၀၂၀ ပြည့်နှစ်၊ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့၏ဆောင်ပုဒ်သည် “ရာပြည့် အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသား အားလုံး ပူးပေါင်းဆောင်ရွက်လို့၊ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက် စို့” ဟူ၍ဖြစ်သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးကို အထူးပြုထားသော ယခုနှစ်အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်သည် လေးနက်သည့်အနှစ်သာရများ ပြည့်ဝပါသည်။
Dec 08, 2020
ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုး ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း တစ်သိန်းကျော်သွားပြီ ဖြစ်ပါသည်။ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်းမှာလည်း ၂၁၀၀ ကျော် ရှိခဲ့ပြီ။ နိုင်ငံသား ပြည်သူလူထုအနေဖြင့် အလွန်အကြူး ထိတ်ထိတ် ပျာပျား ဖြစ်သွားရန် မလိုဘူး ဟု ဆိုနေရသည့်တိုင် လေးနက်သော အချက်ပေးခေါင်းလောင်းသံအဖြစ် မှတ်ယူကြရန်တော့ လိုပါပြီ။
Dec 07, 2020
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
Dec 07, 2020
(၆-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၉,၃၇၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၇၆) ဦး တွေ့ရှိရပါသည်။
Dec 07, 2020
အစိုးရနှင့် ကရင်နီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) တို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ ညနေ ၄ နာရီက နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ Video Conferencing ဖြင့် ပြုလုပ်သည်။
Dec 07, 2020
တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ရမည့် အုပ်ချုပ်မှု ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လွှတ်တော် အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Dec 07, 2020
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည်ဖော် နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ Virtual Meeting ဖြင့် ကျင်းပသည်။
Dec 07, 2020
(၆-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၀၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Dec 07, 2020
COVID-19 Safe Service Master Trainer ဆရာဖြစ်သင်တန်းနှင့် စစ်ဆေးရေးမှူးသင်တန်း (Inspector Training for Inspection) ပထမအကြိမ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 07, 2020
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၃၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
Dec 07, 2020
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်ရင်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၆)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကဝမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ကိုဗစ်-၁၉လူနာများ ထားရှိကုသပေးမှုအခြေအနေများအား ကြည့်ရှုကြသည်။