Skip to main content

မြင်းခြံမြို့နယ် စက်မှုဇုန်ရှိ လူခြောက်ဦးအဖမ်းခံရဟူ၍ RFA သတင်းဌာနက ဖြစ်စဉ်အမှန် စိစစ်ထား ခြင်းမရှိဘဲ ကျင့်ဝတ်မဲ့စွာ သတင်းထုတ်ပြန်

နေပြည်တော် ဇူလိုင် ၂၂ မြင်းခြံမြို့နယ် စက်မှုဇုန်ရှိ အောက်ဆီဂျင်ဖြည့်ပေးနေသော ဝပ်ရှော့ပိုင်ရှင် အပါအဝင် လူခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် လာရောက်ဖမ်းဆီးသွားသည့် သတင်းအား RFA က ဖြစ်စဉ် အမှန်စိစစ်ခြင်း မရှိဘဲ ကျင့်ဝတ်မဲ့စွာ ထုတ်ပြန်ထား ကြောင်းသိရသည်။ ဖြစ်စဉ်ကို စိစစ်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် ညနေ ၆ နာရီခွဲခန့်တွင် မြင်းခြံမြို့နယ် (၁၈)ရပ်ကွက်ရှိ၊ ပန်တော်ဝင် ကာရာအိုကေဆိုင်သို့ လူတစ်ဦးရောက်ရှိလာပြီး ဆိုင်ဖွင့်ပေးရန် နှင့် မဖွင့်ပေးပါက ဆိုင်အား ဖောက်ခွဲဖျက်ဆီးမည်ဟု ခြိမ်းခြောက်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မူးယစ်ရမ်းကားနေသူအား သွားရောက်ဖမ်းဆီးစစ်ဆေးခဲ့သည်။ ထွက်ဆိုချက် များအရ ခန့်စည်သူ(ခေါ်) ကမ္ဘာကျော်ဆိုသူသည် ၎င်းအား အမ်-၁၆ အမျိုး အစား လက်နက်ငယ်တစ်လက်နှင့် ကျည် ၂၀၀ တောင့်အား ပြသဖူးကြောင်း၊ ခန့်စည်သူ၏ ဖခင် ပိုင်ဆိုင်သော မြင်းခြံမြို့နယ်၊ (၁၆)ရပ်ကွက်ရှိ အာကာစိုး ဝပ်ရှော့ဆိုင်တွင် လက်နက်နှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ သိုဝှက် ထားကြောင်း သိရှိရသဖြင့် အဆိုပါဝပ်ရှော့အား သွားရောက် ရှာဖွေခဲ့ရာ ခန့်စည်သူ(ခေါ်)ကမ္ဘာကျော်နှင့် လက်နက်ခဲယမ်းများ မတွေ့ရှိရသော် လည်း လက်လုပ်ဗုံးတွင် ထည့်သွင်းအသုံးပြုသည့် စလစ်အိုးနှင့် သံပိုက်အပိုင်းအစများ တွေ့ရှိရ၍ ဝပ်ရှော့ အတွင်းရှိ ဝပ်ရှော့ပိုင်ရှင် ဦးစိုးအောင်အပါအဝင် လူခြောက် ဦးတို့အား လိုအပ်သည်များ စစ်ဆေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ခေါ်ယူစစ်ဆေး လျက်ရှိသည်။ RFA ကထုတ်ပြန်ချက်ဖြစ်သည့် အဆိုပါဝပ်ရှော့တွင် အောက်ဆီဂျင်ဖြန့် ဝေရန် အတွက် အောက်ဆီဂျင်အိုး များမတွေ့ရှိရဘဲ ဝပ်ရှော့တွင် အသုံးပြုသော Gas အိုးများသာ တွေ့ရှိရပြီး ခန့်စည်သူအား ဖမ်းမိခဲ့ခြင်း မရှိသဖြင့် RFA သည် ဖြစ်စဉ်အမှန်အား စိစစ်ခြင်းမရှိဘဲ သတင်းအမှားကိုလုပ်ကြံရေးသား၍ မဟုတ်မမှန် ထုတ်ပြန်လျက်ရှိရာ သတင်းပေးသူနှင့် ထုတ်ပြန်သည့် မီဒီယာတို့၏ ရည်ရွယ်ချက်အား သိရှိနိုင် မည်ဖြစ် ပါသည်။ အဆိုပါဖြစ်စဉ်မှန်၊မမှန်အားလည်း မြေပြင်တွင် သွားရောက်မေးမြန်း နိုင်ပါ ကြောင်း သတင်း ရရှိသည်။