Skip to main content

နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များ ပြည်သူများ သိရှိနိုင်ရေး သတိပေးနှိုးဆော်မှုပုံရိပ်များ

 

နေပြည်တော် ဇူလိုင် ၂၂

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်း စေရေးအတွက် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည်ဖြစ်၍ ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့်အချက်များ၊ ညွှန်ကြားချက်များကို သိရှိလိုက်နာ နိုင်ရန် အသံချဲ့စက်များဖြင့် သတိပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ သည်။

အဆိုပါနှိုးဆော်ချက်တွင် အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လူစုလူဝေးမပြုလုပ်ရန်၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ လက်သန့်ဆေးရည် ဖြင့် လက်ကို သန့်စင်ခြင်းများ ပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင် သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှအသိပေးပန်ကြားချက် များကို တိကျစွာလိုက်နာကြရန် စသည့် အသိပေးနှိုးဆော်မှုများကို မိဘပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြ ( ပါရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေး အသင်းများမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူများအတွက် သတိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။