နေပြည်တော် ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ဆံတော်ရပ်ကွက် ဇောတိ ကာရုံပါဠိ တက္ကသိုလ် ကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ကုဏ္ဍလဇောတိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊ မဟာထေရ်မြတ်ကြီးသည် သက်တော် (၉၄)နှစ်၊ သိက္ခာတော်(၇၅)ဝါ အရ ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်၊ (၂၁-၇-၂၀၂၁)၊ ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခွဲတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊ (၂၂-၇-၂၀၂၁)၊ ကြာသပတေးနေ့၊ မွန်းလွဲ ၁ နာရီခွဲတွင် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အန္တိမအဂ္ဂိဈာပနပြု လုပ်ခဲ့ ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
သတင်းစဉ်