Skip to main content

ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတွင် အသုံးပြုရန် မိုင်းလားနယ်စပ်မှ အောက်ဆီဂျင်အိုး အလုံး ၁၀၀ ရောက်ရှိ

ကျိုင်းတုံ ဇူလိုင် ၂၂ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ စီစဉ်မှုဖြင့် ဝယ်ယူသည့် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး (၁၀၀) သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် မိုင်းလားနယ်စပ်မှ ကျိုင်းတုံမြို့သို့ ယမန်နေ့ ည ၉ နာရီက ‌ရောက်ရှိခဲ့ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြိုဆို လက်ခံရယူ ကြကြောင်း သိရသည်။ အဆိုပါ အောက်ဆီဂျင် ၄၀ လီတာ အိုး အလုံး (၁၀၀) သည် ကျိုင်းတုံ ပြည်သူ့ ဆေးရုံကြီးတွင် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတွင် အသုံးပြုရန် ‌မိုင်းလားနယ်စပ်မှ ကျိုင်းတုံမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ရောက် ရှိခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ‌‌ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အောက်ဆီဂျင်လိုအပ်ချက်များကို အထောက်အကူဖြစ်စေရန် အဆိုပါ ‌အောက်ဆီဂျင်စက်ရုံကို သြဂုတ်လ ပထမပတ်အတွင်း ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးတွင် တည်ဆောက်နိုင်ရေး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အောင်ဇင်မြင့်