Skip to main content

May 26, 2023

(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (10th Meeting on Cooperation to Combat Trafficking in Persons bet-ween Myanmar Police Force and Royal Thai Police) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Park Royal Hotel ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)၊ ရဲဗိုလ်ချုပ်အောင်အောင် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် Pol. Gen. Surachate Hakparn ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2023

မြန်မာ (နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ (လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး ကုန်စည်ပြပွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2023

မေလ ၁၄ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ နောက်ဆုံး ကောက်ယူရရှိမှုအခြေအနေအလိုက် ပျက်စီးဆုံးရှုံးမှုစာရင်းများကို အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူများအား ထုတ်ပြန်အသိပေးလျက်ရှိရာ မုန်တိုင်းတိုက်ရိုက်တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှုအများဆုံး ဖြစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 26, 2023

ယနေ့သည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် နှစ် ၁၀၀ ပြည့်သောနေ့ဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့်သစ်တောပညာကို ၁၉၂၃ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် Forestry School ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်ပြီဖြစ်သည့်အလျောက် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ (၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့) တွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်အဖွဲ့ဝင်များသည် ယနေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စစ်တွေမြို့နယ်အတွင်း စစ်တွေ-ရန်ကုန်သွား ကားလမ်းမကြီး ဝဲ/ယာ တစ်လျှောက်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲကျိုးကျနေသည့် သစ်ပင်/သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှား ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး စစ်တွေမြို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံရဲတပ်ဖွဲ့ခွဲများရှိ မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော နေအိမ်လိုင်းခန်းများ၊ အဆောက်အဦများအား အမိုးများပြန်လည် ပြုပြင်တည်ဆောက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်းယာယီနေထိုင်နိုင်ရန် ဆောင်ရွက်ထားသည့် မိုးကာရွက်ဖျင်တဲများ၊ ယာယီနေထိုင်ရန် စီစဉ်ထားသော အဆောက်အဦများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သတ်၍ လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် နယ်မြေခံ အခြေချယန္တယားအလုပ်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ် CAT 320 EXCAVATOR ၂ စီး စုစုပေါင်းကုန်တန်ချိန် ၄၀ တန်တို့အား အငူမော်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့နေ့လယ်ပိုင်းတွင် စစ်တွေမြို့သို့ ထပ်မံပို့ဆောင်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၄-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၄၅၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၆၂) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် ၎င်းတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက်

ဆက်လက်ဖတ်ရှုရန်

May 25, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကျေးရွာအတွင်း ပျက်စီးခဲ့မှုကို ပြန်လည်ပြင်ဆင်နိုင်ရေးကြည့်ရှုစစ်ဆေး၍ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်နှင့် မန္တလေး)တို့ ပူးပေါင်းကျင်းပသည့် ပြဇာတ်ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ် (စစ်ကိုင်း)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 25, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်