May 27, 2023
“ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်းသစ်များ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ (စတုတ္ထအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲ) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည်။
May 27, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်လင်ချန်းမြို့ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ (နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မေ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိရာဒုတိယ မြောက်နေ့အစီအစဉ်အနေဖြင့် မြန်မာ - တရုတ် စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့် လက်မှတ်ရေးထိုးပွဲအခမ်းအနားတို့ကို ယနေ့ နံနက် ၉ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ရှိ Plenary Hall ၌ ကျင်းပသည်။
May 27, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီက ရခိုင်ပြည်နယ်စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးသွားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံး စစ်တွေခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
May 27, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များ၌ တာဝန် ထမ်းဆောင်လျက်ရှိကြသော နေပြည်တော်ရှစ်မြို့နယ်အတွင်းမှ နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးကျောင်းသား ကျောင်းသူများအတွက်ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းကစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ကျောင်းသားမိဘ အရာထမ်းအမှုထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
May 27, 2023
မူလမြိုင်ကြီးငူ ဆရာတော်ကြီးအားရည်စူး၍ ဒုတိယမြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တဉာဏိက အမှူးပြုသော ကရင်ပြည်နယ်နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လာရောက် လှူဒါန်းကြသည်။
May 27, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၁၄) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
May 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးတို့နှင့်စပ်လျဉ်း၍ ယမန်နေ့ကမဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်တို့အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ စက်မှုလက်မှုသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခများ၊ ပါမောက္ခ(ဌာနမှူး) များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံသည်။
May 27, 2023
ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့်ကာကွယ်ဆေးထိုးအပ်တစ်သန်းတို့သည် ယနေ့နံနက် ၇နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ခရီးစဉ် အမှတ် KR3763 အထူးလေယာဉ်ဖြင့်ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိအရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
May 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E. Mr. J.M.J.P Bandara ကို ယနေ့နံနက် ၁၁နာရီခွဲတွင် နေပြည်တော်ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 27, 2023
သစ်တောပညာ နှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာစကား ပြောကြားသည်။
May 27, 2023
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သော နိုင်ငံများတွင်ပါဝင်သည်။ နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ်ကို အနည်းနှင့်အများကြုံတွေ့ရလေ့ရှိသည်။ နွေအကုန်မိုးကာလအကူး ရာသီအပြောင်းအလဲ မေလ၌ အလွန့်အလွန်အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” ကို ကြုံတွေ့ခဲ့ရသည်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့် ဤအချိန်ကာလမျိုးတွင် အလားတူနာဂစ်မုန်တိုင်းနှင့် ကြုံတွေ့ခဲ့ဖူးသည်။
May 27, 2023
အဆောင်ဘာလုပ်တုံးလို့ မေးတယ်၊ အဲဒီတော့ ဘုန်းဘုန်းကတရားဂုဏ်တော် ပုတီးစိပ်တဲ့အကြောင်း၊ ပြီးတော့ကျ ဂုဏ်တော်တွေပွားတဲ့အကြောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းပဲ တပည့်တော် ရှိခိုးပါ၏။ ပဉ္စသတသဟဿာနိ၊ ပဉ္စကငါး၊ သတကတစ်ရာ၊ ငါးသတ။ သဟဿာက တစ်ထောင်၊ ငါးရာနဲ့တစ်ထောင်နဲ့မြှောက် ငါးသိန်း။ အဲဒီတော့ ပဉ္စသတသဟဿာနိငါးသိန်းသော ဘုရားရှင်တို့ကိုလည်းတပည့်တော်ရှိခိုးပါ၏။ ပေါင်းလိုက်တော့ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရှားရှင်တို့ကို တပည့်တော်ရှိခိုးပါ၏။ ဘုရားငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကိုရှိခိုးတဲ့ဂါထာ၊ အဲဒါ ဆရာတော်ကြီးက ပြောတယ်။ သူက ငယ်ငယ်လေးကတည်းက၊ သူ ခုနစ်နှစ်သား အရွယ်ကတည်းက သမ္ဗုဒ္ဓေဂါထာ နေ့တိုင်းရှိခိုးတာ၊ ဘာအကျိုးရှိသလဲဆိုတော့ အန္တရာယ် ကင်းတယ်။ ဘေးရှင်းတယ်တဲ့။ ဆွမ်းခံသွားရင်လည်း ဘယ်တော့မှမိုးမမိဘူးတဲ့။ မိုးရွာနေရင် သမ္ဗုဒ္ဓေဂါထာရွတ်လိုက်ရင် မိုးတိတ်သွားတယ်။ အဲဒီလို ကျေးဇူးရှိတဲ့အကြောင်း၊ အဲဒါဘယ်တုန်းက စခဲ့တာတုံး ဆိုတော့လွန်ခဲ့တဲ့ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းက ဘုရင်ကြီး တစ်ပါး အုပ်ချုပ်တယ်၊ သမီးတော်လေးက ဘုံခုနစ်ဆင့်ရှိတဲ့ပြာသာဒ်၊ ခုနစ်ထပ်တိုက်ကြီးနဲ့နေတယ်၊ ပြာသာဒ်ဘေးဘက်များဆီကို လှည့်ပတ်ကြည့်တော့ ညနေ ၄ နာရီလောက် ဦးဇင်းလေးတစ်ပါး ဆွမ်းခံနေတယ်။
May 27, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်ခံခဲ့ရသောဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လူအင်အား၊ စက်ယန္တရား အင်အားများဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်လာသည့် အခြေအနေများကို မြင်တွေ့ နေကြရသည်။ မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုအများဆုံးမှာ ပြည်နယ်မြို့တော်ဖြစ်သည့်စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့ ဖြစ်ပြီး အဆိုပါမြို့နှစ်မြို့အပါအဝင် ရခိုင်ပြည်နယ်မှမြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ်လေးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာပြီးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
May 26, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ မေ ၃၁ ရက်အထိသတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်းတစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။
May 26, 2023
ဆိုင်ကလုန်းမုန်တိုင်း မိုခါဖြတ်သန်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက်ကြမည့် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ (Rapid Response Team)RRT အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်းနှင့် တာဝန်ရှိသူများကမော်လမြိုင်မြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
May 26, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
May 26, 2023
မိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့်စုစုပေါင်း အမေရိကန်ဒေါ်လာ ခန့်မှန်း(၅၃၀၀၀)ကျော်တန်ဖိုးရှိအရေးပေါ် အကူ အညီ ပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲခန့်ကို သယ်ဆောင်လာသည့် မလေရှားလေကြောင်းလိုင်းမှလေယာဉ်တစ်စီးသည် ယနေ့နံနက် ၁၁နာရီ၄၅ မိနစ် ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်သို့ ဆိုက်ရောက်ခဲ့သည်။
May 26, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
May 26, 2023
ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို တပ်မတော်ရေယာဉ်များ၊ လေယာဉ်/ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များ၊ ကုန်သင်္ဘောများဖြင့် နေ့စဉ်ပို့ဆောင်ပေးလျက်ရှိသည်။
May 26, 2023
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များမှ လူနေအဆောက်အဦများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများ ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည့်အပြင် စစ်တွေမြို့ရှိ မြဝတီထပ်ဆင့်လွှင့်စက်ရုံနှင့် သဇင် FM ထပ်ဆင့်လွှင့်စက်ရုံများမှာလည်း မုန်တိုင်းဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့ပြီး ၁၀၀ မီတာ လေးချောင်းထောက်တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများ လဲကျပျက်စီးခဲ့သဖြင့် ရခိုင်ပြည်နယ်အတွင်း ရုပ်သံထုတ်လွှင့်မှုများ ခေတ္တရပ်ဆိုင်းခဲ့ရသည်။
