May 24, 2023
ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍ၊ ထိုင်းကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းတို့က မိုခါမုန်တိုင်းဘေးသင့်သူများအတွက် ပေးပို့လှူဒါန်းသည့် ယာယီတဲများ၊ အမိုးအကာများ၊ ဆိုလာမီးအိမ်များ၊ ကယ်ဆယ်ရေးအိတ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ငါးသေတ္တာများနှင့် အသင့်စားခေါက်ဆွဲခြောက်များပါဝင်သော လူသားချင်းစာနာမှု အကူအညီပစ္စည်းများ သယ်ဆောင်လာသည့် ထိုင်းတော်ဝင်လေတပ်မှ C-130 လေယာဉ် နှစ်စင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည်။
May 24, 2023
(၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီး ညီလာခံ (18th Asia Media Summit) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့(ဘာလီ)ရှိ Grand Hyatt Hotel မှ Ballroom ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ပါဝင်ဆွေးနွေးသည်။
May 24, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်သို့ ရောက်ရှိကြပြီး မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများရှင်းလင်း ပြီးစီးမှုနှင့် စာသင်ဆောင်များ အမိုးမိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
May 24, 2023
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ရောက်ရှိနေသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဘူးသီးတောင်တပ်နယ်ရှိ မုန်တိုင်းသင့်၍ ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များရှိ အဆောက်အအုံများအား လိုက်လံကြည့်ရှုကာ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး မှာကြားခဲ့ပြီး အိမ်ထောင်သည်ရဲမေများအား တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
May 24, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရဲမွန်တပ်မြို့ရှိ တပ်မတော် ကိုယ်ခံပညာနှင့် အားကစားသိပ္ပံသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာဒုံမြို့နယ် တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့်အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေး စကားပြောကြားသည်။
May 24, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ကမ်းခြေပတ်လမ်း၌ လေမုန်တိုင်းဒဏ်ကြောင့် လမ်းနှင့်မြေထိန်းနံရံများ ပြိုကျပျက်စီးသွားမှု များကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး မှာကြားသည်။
May 24, 2023
(၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ် ရေးစာမေးပွဲကြီးတွင် မူလအာဘိဓမ္မိက၊ ဒီဃဘာဏက၊ ဝိနယဓရ၊ ဥဘတောဝိဘင်္ဂဓရ၊ ဒီဃနိကာယကောဝိဒ၊ ဝိနယကောဝိဒ၊ ဥဘတောဝိဘင်္ဂကောဝိဒ စသည် ခန်းခန်းအောင်ပွင့်ပန်းကို လန်းလန်း ရွှင်ရွှင် ပန်ဆင်ကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များနှင့်တကွ သာသနာ့ဒါယကာ၊ ဒါယိကာမများ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ အမှူးပြုသည့် ဥပါသကာ ဥပါသိကာမအပေါင်း သူတော်ကောင်းတို့အား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကိုယ်စား အမှတ်ရဖွယ် အောက်မေ့ဖွယ်ရာဖြစ်သော သာရဏီယဩဝါဒစကား မြွက်ကြားလိုပါသည်ဘုရား။
May 24, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ရှိ လေကြောင်းနှင့်အာကာသဆိုင်ရာ ပြခန်းဖွင့်ပွဲနှင့် ကမ္ဘာ့ပထမဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင်၏ ရုပ်တုလွှဲပြောင်း လက်ခံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၌ ကျင်းပသည်။
May 24, 2023
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်း ရေးမှူး H.E.Mr. Nikolay Patrushev ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ မော်စကိုမြို့၌ မေ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် (၁၁)ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသည်။
May 24, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် ယနေ့ မှ မေ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။
May 24, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် အလွန့်အလွန် အင်အားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၁) နှင့် ၆၆/၁၁ ကေဗွီ အမှတ် (၂) ဆတ်ရိုးကျ ဓာတ်အားခွဲရုံတို့အတွင်းရှိ ပြန်လည်ပြင်ဆင်နေမှုများနှင့် ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
May 24, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၅) ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅၂ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
May 24, 2023
မြန်မာနိုင်ငံ၏စီးပွားရေးသည် ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းလာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့မှုကြောင့် စီးပွားရေးပိုမိုကျဆင်းခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ ဖြတ်သန်းလာခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခက်အခဲများကြားမှ ရုန်းကန်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီး ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်လာသည်။
May 24, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ မိဘပြည်သူ ကျောင်းသူကျောင်းသား၊ ဆရာဆရာမများ စည်ကားလှုပ်ရှား နေကြသည့် မြင်ကွင်းများကို တွေ့မြင်ရပြီဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သော မေလ ၂၃ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကလေးများ ကျောင်းအပ်နှံကြရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသောဆောင်ပုဒ်ဖြင့် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ရာ မိမိတို့၏ ရင်သွေးကလေးများ ကျောင်းနေအရွယ်တွင် ရောက်ရှိနေပါက ကျောင်းအပ်နှံကြရန် တာဝန်ရှိသော မိဘအုပ်ထိန်းသူများ မဖြစ်မနေ မြန်မြန်ဆန်ဆန် ကျောင်းအပ်နှံပေးကြဖို့လိုသည်။ ပညာသင်ကြားခြင်းသည် ကလေးတို့၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်ကို မိဘတိုင်းက ရိုးရှင်းစွာရှုမြင်ကြရန်လိုပြီး နိုင်ငံရေးအမှောင့်ပယောဂကြောင့် သားသမီးတို့ ပညာရေးဆုံးရှုံးမှုမဖြစ်စေရန်လည်း သတိပြုကြရမည်ဖြစ်သည်။
May 23, 2023
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၅ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၃-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
May 23, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၂-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၃၆၃) ခုအား စစ်ဆေးပြီးစီးခဲ့ ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁) ရာခိုင်နှုန်း ရှိပါသည်။
May 23, 2023
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော် (အထီး)ကလေး “ရဋ္ဌနန္ဒက”သည် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
May 23, 2023
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အခမ်းအနား
May 23, 2023
အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှု နှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာ ပေါင်းစပ်အဖွဲ့ဖြင့် လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့်လည်းကောင်း မှန်ကန်မှု ရှိ/မရှိ စိစစ်၍ အလုပ်သမားများ ရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
