Skip to main content

Nov 25, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ထောက်ပံ့ရေးဆိုင်ရာ ကွင်းဆက်များကို စနစ်တကျချိတ်ဆက်ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်း၌ ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သော ခရီးသွားကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များဆိုင်ရာ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် လက်ထောက်စာရင်းစစ်မှူးများ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ Vice President YONN SINAT ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့၌ ကျင်းပသည့် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC)၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးကမ္ဘော ဒီးယားနိုင်ငံမှ လေကြောင်းခရီး ဖြင့်ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယနေ့ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ မှ ၃၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိ၊ သစ္စာရှိစွာဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် ‌နွေးနွေးထွေးထွေးဆက်ဆံခြင်းနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် ဌာန၏ဝန်ထမ်းများ စည်းလုံးညီညွတ်မှုရှိသည်ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း ပြသသည့်အနေဖြင့် ဝန်ထမ်းများ၏ နေ့လယ်စာစားပွဲကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီ ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် ထိန်းသိမ်းထားရှိရန်တို့အတွက် တက္ကသိုလ်မြတ်သူ မိသားစုက စာပေပစ္စည်းများနှင့် အမှတ်တရ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်း ရာဇာခန်းမ၌ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်း ကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် (သောကြာနေ့) မှ ဒီဇင်ဘာ ၁၁ ရက် (တနင်္ဂနွေနေ့)အထိ ခွင့်ပြုထားသောစာဖြေဌာနတို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၅)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

“ယနေ့ကဲ့သို့ ပညာခေတ်တွင် ရုပ်ဝတ္ထုများ ဘက်ပေါင်းစုံက အချိန်နှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်နေသည်နှင့်အညီ အဆိုပါ ရုပ်ဝတ္ထုပစ္စည်းများကို ကိုင်တွယ်အသုံးချနေသည့် မိမိတို့လူသားများ၏ အသိပညာမြင့်မားရေးနှင့်  စိတ်ဓာတ်ကောင်းမွန်ရေးသည်လည်း အရေးပါလာသည်ကို တွေ့ရပါကြောင်း၊ လူများတွင် အဖိုးတန်ဆုံးအရာသည် အသိပညာပင်ဖြစ်ပါကြောင်း၊ အသိပညာကို အတွေ့အကြုံနှင့်စာပေက ရနိုင်သည့်အတွက် လူတိုင်းစာဖတ်သင့်ကြောင်း ရှေးအဆက်ဆက် ပညာရှိများက မှာကြားခဲ့သကဲ့သို့ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များအားလုံးတို့၏ တူညီသောမြွက်ဟမှုသည်လည်း “စာဖတ်တယ်”ဆိုသည့်စကားပင်ဖြစ်ပါကြောင်း”

ဆက်လက်ဖတ်ရှုရန်

Nov 25, 2022

မြန်မာနိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်ကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအခြေအနေတွင်မူ ၆၀ ရာခိုင်နှုန်းကျော်ခန့်သာ ဓာတ်အားသုံးစွဲခွင့်ရရှိနေပြီး ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အနှောင့်အယှက် အဖျက်အဆီးများနှင့် အခက်အခဲစိန်ခေါ်မှုများကို ရင်ဆိုင် နေရခြင်းဖြစ်ရာ ယင်းအနှောင့်အယှက် အခက်အခဲများကို ကျော်လွှားနိုင်ရန် ပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီမှုများ လိုအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2022

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် “စာဆိုတော်နေ့” ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် စာပေဟောပြောပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသား စာကြည့်တိုက် (နေပြည်တော်)၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2022

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကင်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က “တိက္ခဇေယျာ” ထိုင်ဝမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဝင်ရောက်လာကာ ငွေနှင့် မော်တော်ယာဉ်များအား ခြိမ်းခြောက်လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများ အား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၃-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၄-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၈၃၀) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၈) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်း ဦးဆောင်သော ရုရှားဖက်ဒရေရှင်းနိုင်ငံမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2022

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးနှင့် မြန်မာစာပေအကျိုးတို့ကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် ယနေ့တွင် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ခမ်းခမ်းနားနားကျင်းပပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်၍ စာပေဆုများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်