Dec 01, 2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာမှ ပြည်သူ့စစ်များက အနီးနားကျေး ရွာများအား ညစဉ် Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ရှောင်ပြေးနေရကြောင်း၊ အဆိုပါကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ နေထိုင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းမှ ကမ်းဖြူကျေးရွာ၊ ရေလည်မော်ကျေးရွာ၊ မော်ဦးကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာ၊ ကြက်တူရွေးကျေးရွာ၊ ဟင်္သာကြီး ကျေးရွာတို့ကို အောက်တိုဘာလက တည်းက ညစဉ် Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်နေသည်ဟု ဒေသခံများမှပြော ကြောင်း မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ သည်ကို တွေ့ရှိရသည်။
Dec 01, 2023
ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် ပြည်ပမှ ဒရုန်းပညာရှင် ၆၅၀၀ ခန့်ပါဝင် ကူညီ တိုက်ခိုက်ပေးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ လိုရာဆွဲယူ၍ သတင်းလွဲမှားစွာ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Dec 01, 2023
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 01, 2023
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ် စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ် ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
Dec 01, 2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေတပ်စခန်းဌာနချုပ်မှ လေတပ်သား ၅၀၀ ဦး ရှမ်းမြောက်သို့ချီတက်ရန် ပြင်ဆင်နေကြောင်း မဟုတ်မမှန်လုပ်ကြံသတင်းများရေးသား၍ မဲခေါင်သတင်းမီဒီယာမှ လူမှုကွန်ရက်သတင်းစာမျက်နှာများတွင် ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 01, 2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံဖြစ်သည့် ဝဥကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးထားသော်လည်း ယခင်နှစ်များကဲ့သို့ ဈေးကောင်းမရရှိကြောင်း သိရသည်။ စိုက်ပျိုးရေးလုပ်ကိုင်သောတောင်သူများသည် ဘိန်းအစားထိုးသီးနှံဖြစ်သည့်ဝဥကို စိုက်ပျိုးလျက်ရှိပြီး၊ ယခုအခါ ဝဥဈေးသည် ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ် များကဲ့သို့ ဈေးကောင်းမရရှိသေးသဖြင့် မြေကြီးထဲတွင် သာ သိုလှောင်ထားနေရကြောင်းသိရသည်။
Dec 01, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက်တွင် ကချင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကံလှလမ်းဆုံ၌ မော်တော်ယာဉ် ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် သလင်းကျောက်တန် ၁၃၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၆၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၆၀၀၀၀၀ ကိုဖမ်းဆီး ရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 01, 2023
ပြန်ကြားရေး၀န်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသောစာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-
Dec 01, 2023
စက်မှုဇုန်ရှိလုပ်ငန်းများကို အားပေးမြှင့်တင်ပြီး ထုတ်လုပ်မှုစွမ်းအားများ၊ စက်စွမ်းအားများကို စွမ်းအားပြည့်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တိုက်တွန်းပြောကြားသည်။
Dec 01, 2023
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure –SOP) ရေးဆွဲ ပြုစုရေးဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 01, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပြည်ပအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်များသွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းတင်ပြမှုကို ယမန်နေ့ညနေပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်အားပေးသည်။
Dec 01, 2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)၊ Cluster(3) ရှိ ဂျူဒိုအားကစားလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
Dec 01, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ အောင်ဇမ္ဗူရပ်ကွက် နယ်မြေ (၁)မှ နယ်မြေ(၁၁)ရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
Dec 01, 2023
မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်အနေနဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းဆောင်ရွက်ဖို့ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (တပ်မတော်ရေ) က အရာရှိ၊ စစ်သည်များအနေနဲ့ ဒီနေ့မြန်မာနိုင်ငံက စစ်ရေယာဉ်များကို အပြန်အလှန်လေ့လာခဲ့ပါတယ်။ မနက်ဖြန်မှာတော့ မြန်မာ-တရုတ် ရေကြောင်းလေ့ကျင့်ရေးလုပ်ငန်း လေ့ကျင့်ခန်းစတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Dec 01, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီပြည်နယ် နန်ချန်းမြို့၌ နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ရန် နန်ချန်းမြို့၌ ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက ဖိုရမ်သို့တက်ရောက်လာကြသော ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ ကျန်းရှီပြည်နယ်အုပ်ချုပ်ရေးမှူး၊ Shanghai Cooperation Organization အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ဝန်ကြီးများ၊ ဒုတိဝန်ကြီးများနှင့်အတူ ခေါင်းဆောင်များ အကြိုအစည်းအဝေးသို့ တက်ရောက်ကြသည်။
Dec 01, 2023
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) သည် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီ (SEAPC-Net) ၏ အထူးအစည်းသို့တက်ရောက်ရန်အတွက် ကောင်စီဝင်ဒေါက်တာ ဇော်သန်းနှင့်အတူ ရန်ကုန်မြို့မှ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ထွက်ခွာခဲ့ပြီး နိုဝင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် အင်ဒိုနီးရှားနိုင်ငံဘာလီမြို့သို့ရောက်ရှိကာ အင်ဒိုနီးရှားသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ Dr. Ninik Rahayu နှင့်တွေ့ဆုံ၍ နောက်တစ်နေ့ အစည်းအဝေးအတွက် အကြိုညှိနှိုင်းဆွေးနွေးကြသည်။
Dec 01, 2023
(၈) ကြိမ်မြောက် သတင်းမီဒီယာ နှင့် သင်တန်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး (8th ASEAN SOMRI Working Group on Information, Media and Training- 8th WG IMT) ကို အင်ဒိုနီးရှားနိုင်ငံ Novotel Hotel တွင် ယနေ့ နံနက်ပိုင်းက Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြု WG-IMT ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်ဦးဆောင်၍ မြန်မာကိုယ်စားလှယ်များက နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်ရှိ သက်ဆိုင်ရာရုံးများမှ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက် ဆွေးနွေးကြသည်။
