နေပြည်တော် ဒီဇင်ဘာလ ၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာမှ ပြည်သူ့စစ်များက အနီးနားကျေး ရွာများအား ညစဉ် Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ရှောင်ပြေးနေရကြောင်း၊ အဆိုပါကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ နေထိုင်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်းမှ ကမ်းဖြူကျေးရွာ၊ ရေလည်မော်ကျေးရွာ၊ မော်ဦးကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာ၊ ကြက်တူရွေးကျေးရွာ၊ ဟင်္သာကြီး ကျေးရွာတို့ကို အောက်တိုဘာလက တည်းက ညစဉ် Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်နေသည်ဟု ဒေသခံများမှပြော ကြောင်း မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ သည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ စဉ့်ကူးမြို့နယ်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ " အကြမ်းဖက်သောင်းကျန်းသူများက ဒရုန်းများဖြင့် တိုက်ခိုက်နေခြင်းသာဖြစ် ပြီး၊ လူမှုကွန်ရက် စာမျက်နှာများတွင်ရေးသားဖြန့်ဝေမှုများသည် မှန်ကန်မှုမရှိကြောင်း" သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ကျေးလက်ဒေသ များရှိ ဒေသခံပြည်သူများထံမှ ဆက်ကြေးများကောက်ခံခြင်း၊ လူငယ်လူ ရွယ်များအား အတင်းအဓမ္မစုဆောင်းခြင်းနှင့် ၎င်းတို့အား မထောက်ခံသည့် ကျေးရွာများအား ခြိမ်းခြောက်တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများ မီးရှို့ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက် ရာတွင် Drone များအသုံးပြု၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ၊ အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိသည့် ဒေသခံပြည်သူများက လုံခြုံရေးတပ်ဖွဲ့ များနှင့်ပူးပေါင်းကာ အကြမ်းဖက်သမားများကို နှိမ်နင်းတိုက်ခိုက်နေခြင်းကြောင့် အကြမ်းဖက်မှုအားပေးသည့်မီဒီယာများမှ မဟုတ်မမှန်သတင်းများဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ဒေသခံပြည်သူများအကြား အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက် နှာများတွင် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။