မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်အနေနဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းဆောင်ရွက်ဖို့ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (တပ်မတော်ရေ) က အရာရှိ၊ စစ်သည်များအနေနဲ့ ဒီနေ့မြန်မာနိုင်ငံက စစ်ရေယာဉ်များကို အပြန်အလှန်လေ့လာခဲ့ပါတယ်။ မနက်ဖြန်မှာတော့ မြန်မာ-တရုတ် ရေကြောင်းလေ့ကျင့်ရေးလုပ်ငန်း လေ့ကျင့်ခန်းစတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသားအမျိုးသား ၁၈၂ ဦး၊ အမျိုးသမီး ၃၀ ဦး၊ စုစုပေါင်း ၂၁၂ ဦးကို တရုတ်နိုင်ငံဘက်က တာဝန်ရှိသူများထံကို လွှဲပြောင်းပေးခဲ့ပါတယ်။ စုစုပေါင်း ဒီနေ့အထိ ၁၀၃၈၂ ဦးရှိပြီးဖြစ်ပါတယ်။ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောချင်တယ်။
နောက်တစ်ခုက ကောလာဟလသတင်းတွေ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြည်ဖျက်မီဒီယာများ၊ အနောက်နိုင်ငံအားကိုး မီဒီယာများအနေနဲ့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့အခြေအနေပေါ်တွေမှာ ကောလာဟလတွေမျိုးစုံ ထုတ်လွှင့်နေတာရှိပါတယ်။ အင်းစိန်မှာရှိတဲ့ ဦးပိုင် ပိုင်ဆိုင်တဲ့ကားဝင်း ကို Drop Bomb ချခဲ့တယ်။ ပြီးရင်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ မဟုတ်မမှန်သတင်း ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဒီသတင်းသည် သတင်းမှားပဲဖြစ်ပါတယ်။ နောက်တစ်ခုက စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတယ်။ တပ်ဘက်ကနေ ဘယ်လောက်ကျဆုံးတယ် ဆိုတာမျိုးတွေ ထုတ်လွှင့်နေတာရှိပါတယ်။ အဲဒီသတင်းထုတ်လွှင့် နေတဲ့သူတွေက အသိဆုံးပဲဖြစ်ပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာ ဘယ်လောက်အထိ KIA ၊ PDF အဖွဲ့များသေဆုံး ဒဏ်ရာရခဲ့တယ်ဆိုတာ သူတို့အသိဆုံးပဲဖြစ်ပါတယ်။ နောက်တစ်ခုက ကျောက်မဲမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ အဝေးပြေးလမ်းမမှာရှိတဲ့ Toll Gate အနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိပါတယ်။ အဲဒီမှာတော့ TNLA ၊ MNDAA ပူးပေါင်းအဖွဲ့က ကျဆုံးမှုများစွာရှိခဲ့ပါတယ်။ ကျောက်မဲမှာနေတဲ့ ဒေသခံတွေအနေနဲ့ အဲဒီဖြစ်စဉ်ကြောင့် ခေတ္တရှောင်တိမ်းနေရာမှ မြို့ထဲကို ပြန်လာတဲ့အခါမှာ အပုပ်နံ့တွေရလို့ လိုက်လံရှိဖွေတဲ့ အခါမှာ တရုတ်သင်္ချိုင်းအနီးမှာရှိတဲ့ သေဆုံးနေတဲ့ TNLA ၊ KIA ၊ MNDAA ၊ PDF တံဆိပ်ပါတဲ့ အလောင်းပေါင်းမြောက်မြားစွာ တွေ့ရှိခဲ့ရပါတယ်။ မြို့နယ်လူထုနဲ့ လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းရှင်းလင်းခဲ့ရ ပါတယ်။ ဒါ့အပြင် မောင်ဖုန်းတောင်အဆင်းလမ်း မှာလည်း ဒီအတိုင်းပစ်ချခဲ့တဲ့ ခုနအဖွဲ့တွေရဲ့ ယူနီဖောင်းပါတဲ့ အလောင်းတွေ တွေ့ခဲ့ရပါတယ်။ ဒါတွေကို ကျွန်တော်တို့ ရှင်းလင်းရေးဆောင်ရွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ပြည်ပမှာနေထိုင်နေတဲ့ တိုင်းဖျက်ပြည်ဖျက် ဆန့်ကျင်ရေးသမားတွေ၊ ပြည်ပကနေပြီး အသံကောင်းဟစ်နေတဲ့ တိုင်းဖျက်ပြည်ဖျက် အနောက်အားကိုးမီဒီယာများရဲ့မြှောက်ပင့်မှု၊ ကောလာဟလတွေကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ သေဆုံးရတဲ့သူ မနည်းပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒီသေဆုံးရတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ တပ်မတော်ဘက်ကပဲ ကျဆုံးသည်ဖြစ်စေ၊ ရန်သူဘက်က သေဆုံးသည်ဖြစ်စေ။ မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်တွင်းသောင်းကျန်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး တိုင်းပြည် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ရပါဘူး။ ခုအချိန်မှာလည်း ဒီဝဲဂယက်ထဲမှာပဲ ရှိနေတာကိုတွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကို ယခင်ကတည်းက ကျွန်တော်တို့ကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ အနောက်နိုင်ငံတွေကဦးစီးပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုချိန်မှာလည်းသူတို့ပဲ ဦးစီးပြီးလုပ်ဆောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးက သတိရှိ ရမှာဖြစ်ပါတယ်။ ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အနေနဲ့ကတော့ နန့်ခမ်း၊ ၁၀၅ မိုင် မူဆယ်၊ တာမိုးညှဲဘက်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။ တာမိုးညှဲနဲ့နန့်ခမ်းမှာတော့ ရန်သူထိခိုက်ကျဆုံးမှုများပြားတယ်ဆိုတာ သိရပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ လွိုင်ကော်က အထကကျောင်းအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ ပေါက်တောအထက်တန်းကျောင်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ဒီရန်သူအနေနဲ့ ပြည်သူပိုင် အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးအဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ တပ်မတော်ကိုတိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ တပ်မတော်က တိုက်ခိုက်ပစ်ခတ်လို့ရှိရင် ကျောင်းကိုပစ်ခတ်တယ်၊ ဆေးရုံကိုပစ်ခတ်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေ၊ မဟုတ်မမှန်သတင်းတွေ၊ လုပ်ကြံသတင်းတွေ ဖန်တီးပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာအခြေအနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ အရပ်ဘက်အဆောက်အအုံ တစ်ခုလို့ သတ်မှတ်ထားတဲ့နေရာ၊ ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူကကိုယ့်ကို မပစ်မခတ်မချင်း အရပ်ဘက်အဆောက်အအုံပါပဲ။ ရန်သူကကိုယ့်ကို ဒီဟာပေါ်မှာမူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
