Aug 14, 2023
ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသည် ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၄ ရက်အထိကာလအတွင်း ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းပွဲများကို သက်ဆိုင်ရာမြို့နယ်အလိုက် ကျင်းပလျက်ရှိသည်။
Aug 14, 2023
အသားငါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုချဲ့ထွင်နိုင်ရေးအတွက် လိုအပ်သော ကူညီမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားသည်။
Aug 14, 2023
ကမ္ဘာပေါ်တွင် သိပ္ပံ၊ စက်မှုနှင့် နည်းပညာများ ခေတ်နှင့်အညီ လိုက်ပါတိုးတက်နေသည်။ သိပ္ပံ၊ စက်မှု၊ နည်းပညာများ တိုးတက်ထွန်းကားသည့်နိုင်ငံများသည် ချမ်းသာကြွယ်ဝကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှုအားနည်းနေသည်။
Aug 14, 2023
ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုဖြစ်ရပ်များကို နိုင်ငံတကာသတင်းများတွင် တွေ့မြင်နေရသည်။ ကမ္ဘာကြီးပူနွေးလာခြင်းနှင့်ဆက်စပ်၍ ကမ္ဘာ့ဒေသအနှံ့အပြားတို့တွင် ပုံမှန်မဟုတ်သော အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိရာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသည့် ဒေသများတွင် ရွာသွန်းနေပြီး ပူပြင်းခြောက်သွေ့မိုးခေါင်နေသည့် ဒေသများလည်းရှိနေသည်။
Aug 13, 2023
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူအပါအဝင် ကျေးရွာရှိ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ဩဂုတ် ၁၁ ရက်နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
Aug 13, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Aug 13, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 13, 2023
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နိုင်ငံတော်သံစုံတီးဝိုင်းဖျော်ဖြေတင်ဆက်မှုကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်၊ မြဝတီမီဒီယာစင်တာရှိ Theatre ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။
Aug 13, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့ရုံးပိတ်ရက်တွင်လည်း နံနက် ၆ နာရီမှစတင်၍ အများပြည်သူ ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Aug 13, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၂-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၃-၈-၂၀၂၃) ရက်နေ့၊ ည(၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Aug 13, 2023
(၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (8th ASEAN Ministerial Meeting on Drug Matter - AMMD)ကို ဩဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်(၆)ဦးတက်ရောက်ခဲ့ပြီး အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
Aug 13, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေး၊ ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးနှင့် အထူးကုသမှုများ(Super Speciality)လိုအပ်သော ပြည်သူများအား သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရန်အတွက် အထူးကုဆေးကုသရေးအဖွဲ့များအနေဖြင့် ကွင်းဆင်းကုသမှုအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
Aug 13, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ရောက်ရှိပြီး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Aug 13, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် ဖူးမြော်ကြည်ညိုကြသူများဖြင့် ကြက်ပျံ မကျစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
Aug 13, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားပူဇော်ထားသည့် ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံးထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ပဉ္စမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၂ ရက်တွင် ဖူးမြော် သူဧည့်ပရိသတ်များဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရ သည်။
Aug 13, 2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်မကွေးတိုင်းဒေသကြီးအတွင်း စနစ်တကျဆည်ရေပေးဝေနိုင်ရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ပြုလုပ်ရာမကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 13, 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ကျင်းပပြီး ရန်ကုန်နှင့်မန္တလေးမြို့ရှိ ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက Online Virtual ဖြင့် တက်ရောက်ကြသည်။
Aug 13, 2023
ဒုတိယအကြိမ် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန တောင်သူ လယ်သမားအခြေပြု ခန်းမ၌ ကျင်းပသည်။
Aug 13, 2023
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည် တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
