Skip to main content

Aug 07, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက် ကုန်တင်ပို့ မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များ အနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှ သာလျှင် တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2023

လယ်ယာထွက်သီးနှံအကြွင်းအကျန်များ၊ စားဖိုဆောင်စွန့်ပစ်ပစ္စည်းများမှ စီးပွားဖြစ်သဘာဝမြေသြဇာ ပြုလုပ်ခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနားနှင့် ဇမ္ဗူသီရိမြို့နယ်များမှ တောင်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2023

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊ စက်မှု ထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV) ပြပွဲ၏ နောက်ဆုံးနေ့ဖြစ်သော ယနေ့ တွင် စားသောက်ကု န်ပစ္စည်း ဝယ်ယူသူ၊ ပွဲတော်မှ ရောင်းချပေးသည့် အစားအစာနှင့် စတုဒိသာ စားသုံးသူ၊ E-Sport Game နှင့် Entertainment Zone တို့တွင် ကြည့်ရှု အားပေးသူ၊ စက်မှုထုတ်ကုန် ပစ္စည်းများ ဝယ်ယူသူ၊ လျှပ်စစ်ကား (EV) ပြခန်းတို့တွင် လေ့လာသူ၊ ရေပန်းဥယာဉ်၌ အပန်းဖြေ သူတို့ဖြင့် အထူးစည်ကားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများသည် ယနေ့ နံနက်ပိုင်းက နေပြည် တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အေးမြ ရွှေပြည်ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သားသာမဏေများအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြား လှူဖွယ်ပစ္စည်းများအပြင် ဗလာစာအုပ်နှင့် စာရေးကိရိယာများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေး ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ (Super Specialty) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရေး ရည်ရွယ်ကာ ရန်ကုန်/မန္တလေးမှ အထူးကုဆေးကု သရေးအဖွဲ့များကို တိုင်းဒေသကြီး /ပြည်နယ်များသို့ စေလွှတ်၍ ကွင်းဆင်းကုသမှုများ ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2023

အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းများသည်လည်း အရေးပါသည့်ကဏ္ဍတစ်ရပ်အနေဖြင့် ပါရှိနေရာ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ စနစ်တကျတိုးတက်ဖြစ်ထွန်းနေစေရန် လိုအပ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ အောင်မြင်စွာနှင့် လွယ်ကူစွာ ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ကအားပေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းလိုင်စင်များ နှောင့်နှေးကြန့်ကြာ ခြင်းမရှိဘဲ ခွင့်ပြုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးနေသည်။ လက်ရှိအချိန်အထိ အထွေထွေရောဂါကုဆေးခန်း ၅၁၂၄ ခု၊ အထူးကုဆေးခန်း ၁၀၀၂ ခု၊ အထွေထွေ ရောဂါကုဆေးရုံကြီး ၂၇၀ ခွင့်ပြုထားပြီးဖြစ်သည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2023

အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းများသည်လည်း အရေးပါသည့်ကဏ္ဍတစ်ရပ်အနေဖြင့် ပါရှိနေရာ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ စနစ်တကျတိုးတက်ဖြစ်ထွန်းနေစေရန် လိုအပ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ အောင်မြင်စွာနှင့် လွယ်ကူစွာ ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ကအားပေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းလိုင်စင်များ နှောင့်နှေးကြန့်ကြာ ခြင်းမရှိဘဲ ခွင့်ပြုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးနေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေး ငွေများထောက်ပံ့ပေး သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော် သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းသို့ TNLA အဖွဲ့ဝင်များက အလစ်အငိုက် ဝင်ရောက်၍ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်း ၂ ဦး သေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ အတွင်းသို့ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက ဩဂုတ် ၅ ရက်နေ့တွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ် ခဲ့မှုကြောင့် အသက် ၇ နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီးအား လာရောက်ဖူး မြော်ကြသည့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက် ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံ တော်လာ အဋ္ဌကထာဋီကာ ကျမ်းစာများကို ဖတ်ရှု့လေ့လာ နိုင်ရန်အတွက် ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာစာတွင် ကျောက်စာရုံစေတီ ၇၂၀ ဆူကို စနစ်တကျတည်ဆောက်ထားရှိပါသည်။ ကျောက်စာရုံ စေတီ တစ်ဆူချင်း၏အတွင်းတွင် ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုး ထားသော ကျောက်စာ ၂ ချပ်စီအား လေ့လာဖတ်ရှု့နိုင်စေရေး ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ရေးထိုးပူဇော်ထားရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိ တွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၅-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၇၅၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွှန်ဆွေးနွေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်း ( YECC )ဥက္ကဋ္ဌနှင့် မြင်းစီးကလပ်အသီးသီးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

Myanmar Cyber Security Challenge 2023 (အလွတ်တန်း အဆင့်) ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

တောင်သူနည်းပညာပေး ဆွေးနွေးပွဲ (Farmer’s Forum) ကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တောင်သူလယ်သမားရုပ်သံခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ပြီးမြောက်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ်လ ၁ ရက်နေ့၊ ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ရာ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 06, 2023

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများရရှိအောင် ပြုစုပျိုးထောင်ရာတွင် အာဟာရဖွံ့ဖြိုးရေးကိုလည်း အလေးဂရုပြုဆောင်ရွက်ပေးနိုင်ရန် အရေးကြီးသည်။ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်အောင်မြင်မြင်လွှမ်းခြုံဆောင်ရွက် နိုင်သည်နှင့်အမျှ ကလေးငယ်များ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အပေါ် အကျိုးသက်‌ရောက်မှုများရရှိလာမည် ဖြစ်ပြီး ပညာတတ်နိုင်ငံသားများ တစ်နည်းအားဖြင့် တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်