နေပြည်တော် နိုဝင်ဘာ ၃၀
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure –SOP) ရေးဆွဲ ပြုစုရေးဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လယ်ယာမြေကို အခြားနည်း သုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure –SOP) မူကြမ်းကို သက်ဆိုင်ရာသို့ တင်ပြခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဆွေးနွေးမှုကောက်နုတ်ချက်များ အကြံပြုချက်အနေဖြင့် ပြန်လည်ပေးပို့ခဲ့ကြောင်း၊ ဆွေးနွေးမှုကောက်နုတ် ချက်များနှင့်စပ်လျဉ်း၍ ယနေ့အစည်းအဝေးတွင် ပြန်လည်ရှင်းလင်း ဆွေးနွေး တင်ပြသွားမည်ဖြစ်ကြောင်း။
ရှင်းလင်းတင်ပြမှုအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးအကြံပြုသွား ရန်ဖြစ်ပြီး ဆွေးနွေးချက်များအပေါ်မူတည်၍ SOP မူကြမ်းကို ထပ်မံပြင်ဆင် ဖြည့်စွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ရေးထုံးအရဖြစ်စေ၊ တည်ဆဲဥပဒေအရဖြစ်စေ ကိုက်ညီမှုမရှိသော အချက်များတွေ့ရှိပါက ပွင့်ပွင့်လင်းလင်းထောက်ပြ၍ အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ မိမိတို့ ဦးစီးကော်မတီအနေဖြင့် စံလုပ်ထုံးလုပ်နည်း SOP ကို အမှန်တကယ်အကျိုးရှိပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက အသေးစိတ်ဆွေး နွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
