Skip to main content

Jan 06, 2022

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေး ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၁) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းစုနှင့် ချမ်းအေးသာစံမြို့နယ်ရှိ ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ ပူးပေါင်း၍ သမဝါယမအသင်း အချင်းချင်းချိတ်ဆက်ပြီး ဇန်နဝါရီ ၃ ရက်မှ စတင်ကာ ညောင်ဦး မြို့နယ်သမဝါယမအသင်းစု အနော်ရထာဆီစက်လုပ်ငန်းမှ မြေပဲဆီသန့် ၆၄၄ ပိဿာကို ဝယ်ယူ၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံသမဝါယမအသင်းများမှ အသင်းသား ပြည်သူများနှင့် သမဝါယမဦးစီးဌာန ဝန်ထမ်းများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

“စိန်ရတု ပြည်ထောင်စုရွှေဖလား” လူရွှင်တော်ပြိုင်ပွဲ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားခြင်းကို ဇန်နဝါရီ ၁၅ ရက်အထိ သတ်မှတ်ရက် တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်း နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (နေပြည်တော်)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ သီရိနော်ကျောင်းတိုက်အတွင်း၌ ဓမ္မာရုံအသစ် တည်ဆောက်ရန် အုတ်မြစ်ချပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့ ကောင်းမှုးခမ်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဝိဇေယျ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ သဘာဝရေပြင်တွင် ငါး/ပုစွန် သယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝရေပြင် အတွင်းသို့ရေငန်ပုစွန်သားပေါက်များကို စစ်တွေမြို့ ရေချမ်းပြင်ကားကူးဇက်ဆိပ်၌ ဇန်နဝါရီ ၃ ရက်က မျိုးစိုက်ထည့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်နယ်နှင့် ခရိုင်ဦးစီးမှူးရုံးများ ကွပ်ကဲမှုအောက်ရှိ လူငယ်သင်တန်းကျောင်း (၃၆) ကျောင်းတို့တွင် (၇၄) နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ များအား အုပ်စုဖွဲ့ကာ အုပ်စုပြိုင်ပွဲအဖြစ် ဘောလုံးပြိုင်ပွဲ (ကျား)၊ ခြင်းလုံးပြိုင်ပွဲ (ကျား)၊ ထုပ်ဆီးတိုး ပြိုင်ပွဲ(မ)၊ လွန်ဆွဲ ပြိုင်ပွဲ (ကျား၊ မ)များကို လည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲအဖြစ် မီတာ ၅၀ အပြေးပြိုင်ပွဲ (ကျား၊မ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ (ကျား၊မ)၊ အာလူးကောက်အပြေး ပြိုင်ပွဲ (ကျား၊ မ)၊ မုန့်စားအပြေးပြိုင်ပွဲ (ကျား၊ မ)၊ ဂုန်နီအိတ်စွပ်အပြေး ပြိုင်ပွဲ(ကျား၊ မ)၊ သုံးချောင်း ထောက် အပြေးပြိုင်ပွဲ (ကျား၊ မ)၊ အမြင့်ခုန် (ကျား၊ မ)၊ အလျားခုန် (ကျား၊မ) ဆန်​ကောရွက်ပြေးပြိုင်ပွဲ (မ)၊ အပ်ချည်ထိုးပြေးပြိုင်ပွဲ(မ)၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ (ကျား၊ မ)၊ သံပုံးရိုက်ပြိုင်ပွဲ (ကျား၊ မ) များကိုလည်းကောင်း ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၃၉၃၉ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၄ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၃၀ စုစုပေါင်း ၁၁၉ ဦးတို့ကို အသီးသီး လက်ခံကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေးအသက် ၄၀ နှင့်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် စတင်တာဝန်ထမ်းဆောင်လျက်ရှိသည့် နည်းပြ၊ သရုပ်ပြသစ်လွင်များအား တွေ့ဆုံပွဲကိုယနေ့တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ တက္ကသိုလ်၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နည်းပြ၊ သရုပ်ပြ သစ်လွင်များတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်