Jan 06, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Jan 06, 2022
ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ ဆောင်ရွက်ဆဲ အမှုလိုက်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Jan 06, 2022
မြစ်ကြီးနားမြို့တွင် ငွေကျပ် သိန်း ၅,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jan 06, 2022
သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအပေါ်သုံးသပ်ခြင်းနှင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲလုပ်ငန်းများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။
Jan 06, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်ရှိ (နေပြည်တော် - ရန်ကုန် လမ်းအပိုင်း)အား ကြည့်ရှုစစ်ဆေးသည်။
Jan 06, 2022
အမျိုးသားစာပေဆုရှင်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်)နှင့် နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ရရှိသူ စာရေးဆရာ တင့်ဆွေ(ဖျာပုံ) သည် ရန်ကုန်မြို့ အမှတ်(၂)တပ်မတော်ဆေးရုံ ခုတင်(၅၀၀)၌ ဇန်နဝါရီ ၅ ရက်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၇ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Jan 06, 2022
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်၊ ဓမ္မရက္ခိတကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်ထားသည့် မဟာဝိဇယစေတီတော် ကြီးအား (၁၅)ကြိမ်မြောက် ရွှေသင်္ကန်း ကပ်လှူပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။
Jan 06, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ဦးစီးမှူးရုံးများကွပ်ကဲမှုအောက်ရှိ လူငယ် သင်တန်းကျောင်း ၃၆ ကျောင်းတို့တွင် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ များအား အုပ်စုဖွဲ့ကာ အုပ်စုပြိုင်ပွဲအဖြစ် ဘောလုံးပြိုင်ပွဲ(ကျား)၊ ခြင်းလုံးပြိုင်ပွဲ(ကျား)၊ ထုပ်ဆီးတိုးပြိုင်ပွဲ(မ)၊ လွန်ဆွဲ ပြိုင်ပွဲ(ကျား၊ မ) များအား လည်းကောင်း၊ တစ်ဦးချင်း ပြိုင်ပွဲ အဖြစ် မီတာ ၅၀ အပြေးပြိုင်ပွဲ (ကျား၊ မ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ(ကျား၊ မ)၊ အာလူးကောက် အပြေးပြိုင်ပွဲ(ကျား၊ မ)၊ မုန့်စားအပြေး ပြိုင်ပွဲ(ကျား၊ မ)၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ (ကျား၊ မ)၊ သုံးချောင်းထောက် အပြေးပြိုင်ပွဲ(ကျား၊ မ)၊ အမြင့်ခုန်(ကျား၊ မ)၊ အလျားခုန်(ကျား၊ မ)၊ ဆန်ကောရွက်အပြေး ပြိုင်ပွဲ(မ)၊ အပ်ချည်ထိုးအပြေးပြိုင်ပွဲ(မ)၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ (ကျား၊ မ)၊ သံပုံးရိုက်ပြိုင်ပွဲ(ကျား၊ မ) များအား လည်းကောင်း ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၉၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။