နေပြည်တော် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ သီရိနော်ကျောင်းတိုက်အတွင်း၌ ဓမ္မာရုံအသစ် တည်ဆောက်ရန် အုတ်မြစ်ချပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့ ကောင်းမှုးခမ်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဝိဇေယျ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မာရုံအသစ် တည်ဆောက်ရန် အုတ်မြစ်ချကြပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်