နေပြည်တော် ဇန်နဝါရီ ၅
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားခြင်းကို ဇန်နဝါရီ ၁၅ ရက်အထိ သတ်မှတ်ရက် တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်း နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (နေပြည်တော်)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်အားလုံး (ကျောင်းဖွင့်ရက် နောက်ကျသော တိုင်းဒေသကြီး/ ပြည်နယ် ၉ ခုမှ မြို့နယ် ၄၆ မြို့နယ်နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးလံဒေသများ အပါအဝင်)မှ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်း များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့်သူများ အဆင်ပြေ ချောမွေ့စေရန်အတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်အထိ သတ်မှတ်ရက်တိုးမြှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများ ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အတွင်း လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (နေပြည်တော်)၊ ရုံးအမှတ်(၅၂)ရှိ ဖုန်း ၀၆၇-၃၄၃၀၅၈၃၊ ၀၆၇ -၃၄၃၀၅၈၄၊ ၀၉-၂၀၂၄၂၉၇၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ) ရှိ ဖုန်း ၀၉-၄၃၁၄၀၂၂၆၊ ၀၉-၂၆၁၉၅၅၅၅၉၊ ၀၉၄၄၃၀၀၇၈၆၄ တို့ကို ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ကြောင်းသိရသည်။
သတင်းစဉ်