Jan 07, 2022
မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး ဌာနတို့အကြား နှစ်နိုင်ငံသဘောတူစာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး Dr. Bandula Gunawardhana နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ပြီး အမှာစကားများ ပြောကြားသည်။
Jan 07, 2022
အနာဂတ်လယ်ယာကဏ္ဍတွင် ပါဝင်ဆောင်ရွက်လာကြမည့် လူငယ်များအား စိုက်ပျိုး မွေးမြူရေး အခြေခံသော အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်သူ များအဖြစ် သင်ကြားလေ့ကျင့်မွေးထုတ်ပေးကြရာ၌ စိုက်ပျိုးရေးသိပ္ပံကျောင်းများအနေဖြင့် ကျောင်းဆင်းမောင်မယ်များ အရည်အချင်းပြည့်ဝစွာ စွမ်းဆောင် နိုင်ရေးကိုမျှော်မှန်း ကြိုးပမ်းကြစေလိုကြောင်း၊ ၎င်းတို့၏ လုပ်ငန်းခွင် အောင်မြင်မှုများသည် ကျောင်း၏ဂုဏ်သိက္ခာ ဖြစ်သည်ကို သတိပြု ကြစေလိုကြောင်း၊ ဇန်နဝါရီလ(၆)ရက် နံနက်ပိုင်းက ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်းအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
Jan 07, 2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်ရှိ မြို့နယ် စည်ပင်သာရေး အဖွဲ့ပိုင် ဇီဇဝါလမ်းသွယ်(၁)နှင့် ရုံးလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျှက်ရှိသည်။
Jan 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် အလုပ်သဘောခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိသည်။
Jan 07, 2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် စားသောက်ရေးအခက် အခဲရှိသောပြည်သူများထံအခြေခံ စားသောက်ကုန်များ ဝေငှလှူဒါန်း ခြင်းအစီအစဉ်ကို တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းလျက်ရှိရာ အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်၊ မေရီချက်(ပ်) မင်း နားမကြားသော ကလေးများကျောင်းနှင့် မျိုးဆက်သစ်လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ စသည့်ကျောင်းနှင့် ဂေဟာတို့အား ဆန်၊ ဆီနှင့် ပဲတို့ကို ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရသည်။
Jan 07, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက် ရှိသည်။
Jan 07, 2022
မန္တလေးတပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
Jan 07, 2022
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ လူငယ်စာပေ ပထမဆုရ “ရန်ကုန်ဌေးဇော်” ရေးသားသည့် “အသက်ရှည်ပါရေ” စာအုပ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိစာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးများမှ တစ်ဆင့်လည်းကောင်း၊ စာတိုက်မှတစ်ဆင့် လည်းကောင်း ပေးပို့လျက်ရှိသည်။
Jan 07, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၁၁၄ ဦး၊ စုစုပေါင်း ၂၁၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၅ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၂၉ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။
Jan 07, 2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်များကို ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။