Skip to main content

Jan 07, 2022

သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ က ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် ကိုးနဝင်းဆုတောင်းပြည့်ဘုရား အောင်ချမ်းသာ ဓမ္မာရုံအတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ပဲခူးမြို့ အရှေ့ဘက် မြို့ရှောင် လမ်း-သမိန်ဗရမ်း-ဆံတော်တွင်း လမ်းပိုင်းမှ မဂ္ဂတစ်လမ်းသို့ တိုက်ရိုက် ချိတ်ဆက်ထားသည့် လမ်းပေါ်ရှိ ကျုံးကူးတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်အဆိုပါတံတားအနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်းအသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Xeparin 60 mg Injection အခု ၅၉၉၆၀၊ XEN-C 50 mg အခု ၁၀၀၂၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Electronic Blood Pressure Monitor အခု ၅၉၈၀၀၊ ဆေးဝါးမျိုးစုံ ၂၇ မျိုး စုစုပေါင်း ၇၁၀၅၄ ဒသမ ၄၀ kg အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးသည် အရေးပါသော်လည်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကသာ အရင်းခံကျသည်ဟု ပညာရှင်တို့က မိန့်ဆိုသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လိုအပ်သော နိုင်ငံရေးအခြေအနေများ ဖွဲ့စည်းဖြစ်ပေါ်လာခြင်းက နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သော ကမ္ဘာ့နိုင်ငံကြီးများနှင့်မတူသောအချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အားအနည်းဆုံးနယ်ပယ်သည် အရေးအကြီးဆုံးဖြစ်သော နိုင်ငံရေးနယ်ပယ်ပင်ဖြစ်နေကြောင်းဖြင့်လည်း ပညာရှင်များက ပြောကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ကရင်ပြည်နယ် လေးကေ့ကော်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုများ ရှိလာပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ထွက်ပြေးတိမ်းရှောင်နေသူများမှာ မိမိတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်လာနိုင်သည်နှင့်အမျှ ကျောင်းသား၊ ကျောင်းသူများ သင်ယူမှုအဆက်မပြတ်စေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၄ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် မော်တော်ယာဉ်များကို စစ်ဆေးခဲ့ရာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လျှပ်စစ်ရေနွေးအိုး (၄၀၀)၊ ခန့်မှန်းတန်ဖိုး ငွေကျပ်(၅၈၀,၀၀၀/-)ကို စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်း၍ အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၃) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိပညာ ဖြန့်ဝေရေး (Knowledge Sharing Program-KSP) အစီအစဉ်အရ “ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့် စာရင်းများ (Non Budget)” ခေါင်းစဉ်ဖြင့် အသိပညာ များ ဖြန့်ဝေသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်