Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာန လူငယ်သင်တန်းကျောင်းများ၌ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ များကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ပြည်နယ်နှင့် ခရိုင်ဦးစီးမှူးရုံးများ ကွပ်ကဲမှုအောက်ရှိ လူငယ်သင်တန်းကျောင်း (၃၆) ကျောင်းတို့တွင် (၇၄) နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ များအား အုပ်စုဖွဲ့ကာ အုပ်စုပြိုင်ပွဲအဖြစ် ဘောလုံးပြိုင်ပွဲ (ကျား)၊ ခြင်းလုံးပြိုင်ပွဲ (ကျား)၊ ထုပ်ဆီးတိုး ပြိုင်ပွဲ(မ)၊ လွန်ဆွဲ ပြိုင်ပွဲ (ကျား၊ မ)များကို လည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲအဖြစ် မီတာ ၅၀ အပြေးပြိုင်ပွဲ (ကျား၊မ)၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ (ကျား၊မ)၊ အာလူးကောက်အပြေး ပြိုင်ပွဲ (ကျား၊ မ)၊ မုန့်စားအပြေးပြိုင်ပွဲ (ကျား၊ မ)၊ ဂုန်နီအိတ်စွပ်အပြေး ပြိုင်ပွဲ(ကျား၊ မ)၊ သုံးချောင်း ထောက် အပြေးပြိုင်ပွဲ (ကျား၊ မ)၊ အမြင့်ခုန် (ကျား၊ မ)၊ အလျားခုန် (ကျား၊မ) ဆန်​ကောရွက်ပြေးပြိုင်ပွဲ (မ)၊ အပ်ချည်ထိုးပြေးပြိုင်ပွဲ(မ)၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ (ကျား၊ မ)၊ သံပုံးရိုက်ပြိုင်ပွဲ (ကျား၊ မ) များကိုလည်းကောင်း ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၃၉၃၉ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ပိုမိုစည်းလုံးချစ်ခင်

အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းဆောင်ရွက် တတ်သည့်စိတ်ဓာတ်၊ ကောင်းသော ယှဉ်ပြိုင်လိုသည့် စိတ်ဓာတ်များ မွေးမြူပေးရေး၊ တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရေး၊ ကျောင်းနေပျော်ပြီး ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးနှင့် ထူးချွန်သည့် လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေး ရည်ရွယ်ကျင်းပပေးခြင်းဖြစ် ကြောင်းသတင်းရရှိသည်။

သတင်းစဉ်